ငွေဆံနွယ်နဲ့ လူကလေး

32 1 0
                                    


Unicode

"ကော်ဖီအေးနှစ်ခွက် cheese ဘာဂါနဲ့ ရပါပြီ"

ကောင်တာက အမျိုးသမီးရဲ့ စကားသံကြောင့် အနက်ရောင် ဆံနွယ်လိပ်တွေနဲ့ လူငယ်တစ်ယောက်ဟာ ထိုင်ရာကထပြီး သွားယူလိုက်သည်။မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်​လေးကို ကော်ဖီအေးတစ်ခွက်နဲ့ ဘာဂါ ကမ်းပေးလိုက်တော့ ခေါင်းငြိမ့်ရင်း ပြုံးပြလာသည်။ ကော်ဖီအေးတစ်ငုံသောက်လိုက်ရတော့ ခါးသက်တဲ့ အရသာလေးက ဝင်ရောက်လာသည်။

"ဘယ်လိုလဲ။ သောက်ကောင်းလား"

လူးကပ်စ်က ဘာဂါကို ကိုက်ရင်း ဗလုံးဗထွေးမေးသည်.

"မဆိုးပါဘူး။ နည်းနည်းတော့ခါးတယ်။"
တကယ်တော့ သူကော်ဖီသိပ်မကြိုက်ပါ. သို့သော် သူ့ရှေ့မှာထိုင်နေသည့် သူငယ်ချင်းအသစ်ကလေး၏ တတွတ်တွတ် တိုက်တွန်းမှုကြောင့် သောက်ဖြစ်ခဲ့ခြင်းဖြစ်သည်.

"အမယ်... နယ်မြို့လေးလာပြီး အဲ့လောက် အစားမရွေးနဲ့ သားကြီး။ နော်။ ဒါကို တော်လှပြီ"

အညိုရောင် ဆံပင်တွေနဲ့ ကောင်လေးကို သူမဲ့ပြလိုက်သည်.

"မင်း ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။"

"အင်းးးးး.. သုံး..လေးနှစ်တော့ ရှိလောက်ပြီ။ အိမ်က အဖေက ဝန်ထမ်းဆိုတော့လေ။ အားနေ အိမ်ချည်း ပြောင်းနေရတာပဲ။ နောက်နှစ်လည်း တစ်နေရာသွားရမယ်ထင်တယ်။ ငါတော့ မလိုက်တော့ပါဘူး။ ​​ငါလည်း အလုပ်နဲ့ဘာနဲ့ ဒီမှာ အဆင်ပြေနေပြီ။ company တစ်ခုလောက်ထောင်ပြီး​မှ လိုက်သွားဖြစ်လောက်တယ်။"

လူးကပ်စ်က ရယ်ကျဲကျဲနှင့် စကားစသတ်သည်။

သူလည်း ခပ်ပြုံးပြုံးပင်

"ကောင်းပါတယ်။ တစ်ခါတလေကျလည်း ဘယ်မှ မသွားတာကောင်းတယ်။ အခြေမပျက်ဘူးပေါ့။"

"မင်းကရော။ ဘယ်ကဘယ်လို ဒီရောက်လာတာလဲ။  ကုန်ရောင်းကုန်ဝယ်ကောင်းတဲ့   အခြား မြို့တွေ အများကြီးကို။"

"ငါ့ရည်ရွယ်ချက်က စီးပွားရေးချည်းပဲ မဟုတ်ဘူး။"

သူ ခပ်လေးလေးပဲပြန်ဖြေလိုက်သည်။

ချစ်သောတာရာWhere stories live. Discover now