ယုန်ဖြူလေး

21 1 0
                                    


ပိုနေတဲ့ ကိတ်မုန့်တွေကို အိတ်နဲ့ ထုပ်ပြီး ကမ်းပေးတော့ ကြောင်တောင်တောင်လေးကြည့်နေသည်။

"နောက် ဗိုက်ဆာရင် စားရအောင်.. ယူထားနော်"

သူ ဖြည်းဖြည်းပြောတော့ နားလည်သည်ထင်။ တုန်ရီနေတဲ့ လက်တွေနဲ့ ယူလိုက်သည်။

"ဟယ်...ဟယ်ရီ...ဟယ်ရီ..."

"ကိုယ်က ဟယ်ရီမဟုတ်ဘူး။.. ဒါပေမယ့်..."

ဟန်နရီ သက်ပြင်းချလိုက်မိပြန်ပြီ။

"ကိုယ့်စိတ်ထဲ ရင်းနှီးနေတယ်။"

ယုန်ဖြူလေးကတော့ ရေရွတ်နေဆဲ။

"ဟယ်ရီ ဆိုတာ... ဘယ်သူလဲ ယုန်ဖြူလေး။ ကိုယ့်ကိုပြောပြနိုင်မလား။ ဟယ်ရီက ဘယ်သူလဲ။"

သူ ဟယ်ရီကို ခေါ်နေဆဲ။

"ယုန်ဖြူလေး၊ ကောင်လေး။ ဟယ်ရီဆိုတာ ဘယ်သူလဲ။ ကိုယ့်ကို ပြောပြနိုင်မလား။ ကိုယ်... ကိုယ်... သိတဲ့သူ...ဖြစ်နိုင်လောက်တာမို့"

ဟယ်ရီနာမည်နဲ့ စျေးဝယ်သူ သုံးလေးယောက်တွေ့ဖူးသည်။ ဖောက်သည်တစ်ယောက်လည်း ထိုအမည်ရှိသည်။ သည်ကလေး ရှာနေတာ သူတို့ထဲကများ ဖြစ်နေမလား။

"ကိုယ် သိရင်.. ကူညီနိုင်လောက်တယ်။.. ပြောပြနိုင်မလား။"

ယုန်ဖြူလေးက တွေတွေငေးငေးကြည့်ရင်း တိတ်ဆိတ်သွားသည်။ မျက်ဝန်း တစ်စုံမှာ ဝေ့သီလာပြန်တဲ့ မျက်ရည်စတွေက ဟန်နရီ့ရင်ကို ထိုးနှက်လိုက်သယောင်။

ရင်နာလိုက်တာ။

ဒီကလေး မျက်ရည်ကျရင် ဘာလို့ ရင်နာနေမိတာများလဲ။

"ဟယ်..ဟယ်ရီ..."

ရှိုက်သံသဲ့သဲ့ကလေးထွက်ပေါ်လာသည်။

"ဟယ်ရီ...ဟယ်ရီ...က...က..ဟယ်ရီ...က..."

တဆတ်ဆတ်တုန်နေပြန်ပါပြီ။ ဘာတွေ ဖြစ်နေတာလဲ ယုန်ဖြူလေး။

"ဟယ်ရီက...အင့်...ဟင့်... ဟယ်ရီက..."

ရုတ်တရက် စကားစတို့ရပ်သွားပြီး ထရပ်တော့သည်။

"ရှာ..ရမှာ.."

"ကောင်လေး။..ဘာကိုလဲ။ ဟယ်ရီကိုလား။ ဟုတ်လား။"

ချစ်သောတာရာWhere stories live. Discover now