ညို့မှိုင်းနေသော မျက်ဝန်းများ

20 1 0
                                    

"ဟယ်ရီ...ဟယ်...ရီ...ဟယ်ရီ.."

လူကလေးက ထော့နဲ့နဲ့ ခြေထောက်တွေနဲ့ မြန်နိုင်သမျှ မြန်မြန် အပြေးလာနေသည်။ မျက်ရည်စက်တွေက တာကျိုးသလိုစီးကျလို့။ ခန္ဓာကိုယ်သေးသေးလေးက တဆတ်ဆတ်တုန်ရီလို့။

"ဟန်နရီ... ဘာလုပ်နေတာလဲ။ သွားမယ်လေ။"

လူးကပ်စ်ကို လှည့်ကြည့်လိုက်တော့ ပြန်ကြဖို့ ခေါ်နေတာကို တွေ့ရသည်။ ဟန်နရီလည်း အယောင်ယောင်အမှားမှားနှင့် ခေါင်းငြိမ့်လိုက်သည်။ အတွေးနွံထဲက ရုန်းထွက်ပြီး အိမ်ပြန်ဖို့ ခြေလှမ်းစလိုက်ချိန်...

"ဟယ်ရီ"

စူးဝါးတဲ့ အော်သံတစ်ခုက သူ့အာရုံကို ဆွဲခေါ်သွားပြန်သည်။  စောနက ငွေဆံနွယ်နှင့် လူကလေးသည် သူ့ရှေ့မလှမ်းမကမ်းတွင် ရှိနေပြီ။ ညို့မှိုင်းနေသော မျက်ဝန်းကလေးများ အရောင်လက်သွားသည်။

အဲ့ဒီနောက် သူသိလိုက်တာက...

ယိုင်နဲ့နဲ့ ကိုယ်လေးတစ်ခု သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာခြင်း။

အံဝင်ခွင်ကျ။

အံဝင်ခွင်ကျ ဖြစ်လွန်းသည်။

အမြဲတစေ ထွေးပွေ့ခဲ့ဖူးသလိုမျိုး။

အမြဲတစေ ထိတွေ့ခဲ့ဖူးသလိုမျိုး။

သူ့ရက်ဘတ်က အင်္ကျီစဟာ တဖြည်းဖြည်းစိုစွတ်လာသည်။

ငိုနေခဲ့တာလား ကောင်ကလေး။

ပြန်လည်ထွေးပွေ့ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ ကောင်ငယ်လေးဟာ သူ့ရင်ခွင်ထဲက ဆွဲထုတ်ခံလိုက်ရသည်။

လစ်ဟာသွားလိုက်တာ။

"တွေ့သမျှလူ လိုက်ဒုက္ခပေးနေတာပဲ ဒီအရူးကတော့။ တောင်းပန်ပါတယ် မစ္စတာ။ သူက အဲ့လိုပဲ။ လာခဲ့။"

လူကြီးတစ်ယောက်က ဟန်နရီကို တောင်းပန်ရင်း ကောင်ကလေးကို ကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်နေသည်။ သူ့ဆိုင်ရှေ့မှာမို့ ဖောက်သည်တွေ အနှောင့်အယှက်ဖြစ်မှာ၊ မိတ်ပျက်မှာကို စိုးရိမ်နေဟန်တူသည်။

"ဟယ်ရီ..ဟင့်အင်းး..ဟယ်..ဟယ်ရီ..ဟယ်ရီ"

ကလေးတစ်ယောက်လို အော်ဟစ်ငိုကြွေးရင်း လူကလေးက ရုန်းကန်သည်။ မျက်ဝန်းမှိုင်းမှိုင်းတွေက ဟန်နရီ့ဆီကို ငေးကြည့်လို့။ စူးစူးဝါးဝါးအော်ဟစ်ရင်း ရုန်းကန်ကာ သူ့ဆီလာဖို့ ကြိုးစားနေသည်။ အတော်လေး ရုန်းရင်းဆန်ခတ် ဖြစ်နေသော အခြေအနေဖြစ်သည်။

ချစ်သောတာရာWhere stories live. Discover now