Part - 6
ညက ဧည့်ခန်းထဲမှာငုတ်တုတ်ထိုင်အိပ်ခဲ့ရပေမည့် အိပ်ရာနိုးလာတော့ အဲကွန်းဖွင့်ထားသည့်အခန်းထဲ နွေးထွေးစွာဖြင့်နိုးထလာရသည်။ အိပ်ချင်နေသေးသော်လည်း မျက်စိကို အားယူပြီးဖွင့်ကြည့်လိုက်မိ၏။
" ဘုရားရေ! ငါဘယ်လိုကြီးအိပ်နေမိတာလဲ "
အိပ်ပျော်နေရင် တော်ယုံနဲ့မနိုးတတ်သည့်ကိုယ်က အိပ်ခန်းထဲဘယ်အချိန်ပြန်ရောက်နေလဲဆိုတာကိုမသိပါ။ ရဲရင့်ရဲ့ ရင်ခွင်ထဲနစ်မြုပ်နေသည့်ကိုယ်က သူ့ခါးတွေကိုပင်ဖက်ထားမိ၏။ရဲရင့်၏လက်မောင်းကိုခေါင်းအုံးထားပြီး ထိုလက်ဖြင့်ပင် ကိုယ့်ကိုသိုင်း
ဖက်ထားခြင်းခံရသည်။ သူ့လက်တစ်ဖက်ကတော့
ကိုယ့်ကျောမှနေသိုင်းဖက်ထားပြီး ခြေထောက်တွေကိုလည်း ဖက်လုံးဖက်သလို ကိုယ့်ကိုသိုင်းတင် ထားသေးသည်။အေးလွန်းသည့်အခန်းထဲ ချွေးတွေပြန်လာရတော့သည်။ရဲရင့်သာနိုးလာမည်ဆိုလျှင် ရှက်လွန်းလို့သေသွားနိုင်၏။ ကိုယ့်အပေါ်ဖက်ထားသည့် လက်တွေနဲ့ခြေထောက်ကို ဖြေးဖြေးချင်းဖယ်ချရသည်။ ပြီးမှ
ရေချိုးခန်းဆီပြေးဝင်မိတော့၏။မောင်မသိလိုက်တာတစ်ခုက အိပ်နေတဲ့ကိုယ်တော် သည် ပြုံးစစမျက်နှာနဲ့ဆိုတာကိုပါ။ ရေချိုးခန်းထဲမှပြန်ထွက်လာတော့ ကုတင်ပေါ်မှာထိုင်နေသူကိုမြင်လိုက်ရတာ၏။
" နိုးပြီလား ကိုယ်ဒီနေ့ရုံးကိုစောစောသွားရမယ်။ မနက်စာ ဘာစားမှာလဲ ။အောက်ထပ်ဆိုင်ကနေ မှာပေးခဲ့မယ် "
" ကျွန်တော် စာမေးပွြဲပန်ဖြေတော့မယ် "
မမျှော်လင့်ထားသည့်အဖြေစကားမို့ ကုတင်အနာကို ကပ်သွားရင်း
" မင်း ဘာပြောလိုက်တယ် "
" စာမေးပွဲပြန်ဖြေပါမယ်ဆို "
" တကယ်နော်ရဲရင့် မနောက်နဲ့ "
" ကျွန်တော့်ရုပ်က နောက်ပြောင်နေတဲ့ရုပ်ပေါက်နေလို့လား "
" အဲလိုသဘောမျိုးမဟုတ်ပါဘူး ကိုယ်ဝမ်းသာလို့ပါ ။ အန်ကယ်ဆို ဘယ်လောက်ဝမ်းသာလိုက်မလဲ "
YOU ARE READING
တွယ်ငြိခဲ့လေသော ( တြယ္ၿငိခဲ့ေလေသာ ) Uni+Zaw