Part- 14
အလုပ်ထဲကို အန်ကယ်သိပ်မလာနိုင်တော့သည့်နောက်ပိုင်း ကိုယ်တိုင်ပင်ပန်းနေရပေမည့် သိပ်လည်းမညည်းရဲ ။ ရဲရင့်ရဲ့ စာမေးပွဲနီးနေတာကြောင့်
ကိုယ်ပင်ပန်းတာကို သူသိသွားရင် စိတ်မကောင်းဖြစ်နေမှာစိုးရသည်။ အလုပ်ဆင်းခါနီး ညနေဘက်မှာ ဖုန်းဝင်လာသည့်အသံကြောင့် ကြည့်လိုက်မိတော့
မေမေ့ဆီကဖြစ်နေတာကြောင့်" ဟဲလို မေမေ "
" သား ညနေအလုပ်ပြန်ရင် အိမ်ဘက်လှည့်ဝင်လာလို့ရမလား "
" ရပါတယ် မေမေ "
" အဲဒါဆို မေမေ စောင့်နေမယ်နော် "
" ဟုတ်ကဲ့မေမေ သား ဘာဝယ်လာရအုံးမလဲ "
" ရတယ်သား ဘာမှမဝယ်နဲ့တော့ ဒါပဲနော် "
" ဟုတ်ကဲ့ မေမေ "
ဖုန်းချသွားတာနဲ့ ရဲရင့်ဆီကို ဖုန်းခေါ်ရသည် ။ အိမ်ပြန်နောက်ကျရင် ကျေးဇူးရှင်လေးက မျှော်နေမှာသေချာတယ် ။
" ကိုကို ပြော "
" ကိုယ် ညနေအိမ်ပြန်နောက်ကျမယ် "
" အလုပ်မပြီးသေးလို့လား "
" မဟုတ်ဘူး မေမေဖုန်းဆက်လို့ ဒီညနေအပြန်လှည့်ဝင်ခဲ့ပါဆိုလို့ "
" ကျွန်တော် ထမင်းစားဖို့စောင့်နေမယ် "
" အင်းပါ အဲဒါဆို ဒါပဲနော် "
ညနေခြောက်နာရီခွဲ အိပ်ကိုရောက်တဲ့အချိန် အန်ကယ်နဲ့မေမေ ဧည့်ခန်းမှာထိုင်နေတာနဲ့
" အန်ကယ် သက်သာရဲ့လား "
" သက်သာတယ်သား။ သားရော အလုပ်တွေပင်ပန်းနေပြီ လား "
" မပင်ပန်းပါဘူးအန်ကယ် ။ အကုန်လုံးဝိုင်းကူညီကြပါတယ် ။ ဒါပေမဲ့ နောက်လလယ်လောက်မှာ ဂျပန် ကုမ္မဏီနဲ့တွဲလုပ်ထားတဲ့ Project အတွက် ပွဲတက်
စရာတွေရှိတယ် ။အဲဒီပွဲတွေကတော့ အန်ကယ်ကိုယ်တိုင်တက်မှ အဆင်ပြေမယ်ထင်တယ် "" ဟုတ်တယ်သား အခုလဲ အဲကိစ္စပြောချင်လို့် သားကိုခေါ်လိုက်တာ ။ ပွဲအတွက် ကြားထဲမှာတစ်လခွဲလောက်အချိန်ရသေးတော့ အန်ကယ်နဲ့သားမေမေ
စင်ကာပူသွားမယ်လို့တွေးထားတယ်။ ဟိုကဆေးရုံနဲ့ကြိုချိတ်ပြီး အန်ကယ်လဲ Mediciam chake up လုပ် ။ လိုအပ်တော့လဲ ဟိုမှာနေပြီးဆေးကုမယ် ကွာ ။ ပွဲနားနီးရင်ပြန်လာမယ်ပေါ့ "
YOU ARE READING
တွယ်ငြိခဲ့လေသော ( တြယ္ၿငိခဲ့ေလေသာ ) Uni+Zaw