Part - 9
" မနှောင်းရိပ် စောစောစီးစီး ဘာလာလုပ်တာလဲ "
အနှောက်အယှက်လာပေးသူကို အားနာမနေဘဲ ဒဲ့မေးလိုက်တော့ ကိုကိုကအနားကိုရောက်လာပြီး ကိုယ့်လက်မောင်းကိုမသိမသာလာဆွဲသည်။ ကိုယ်တစ်ခုခုပြောလိုက်မှာကို စိုးရိမ်နေပုံရ၏။ သူ့ကိုက ကာဆီးကာဆီးဖြစ်နေတာ။ ရှေ့ရက်ကပြဿနာကို မေ့သွားပြီထင်တယ်။ စိတ်တိုတိုနဲ့ ဘာမှလည်းပြောမနေတော့ပဲ စားပွဲမှာဝင်ထိုင်နေလိုက်၏။ မနှောင်းရိပ်ကတော့ ဘာမှမသိသလို ချိုင့်ကိုဖွင့်ပြီး ပန်းကန်တွေထဲကို လှယ်ထည့်နေလေသည် ။
" အိမ်မှာ အလှူလုပ်တာ အုန်းနို့ခေါက်ဆွဲချက်တာနဲ့ မြတ်သောကိုသတိရသွားလို့ ။ အချိုပွဲကလဲ မြန်မာမုန့်အစုံဆိုတော့ မြတ်သောအကြိုက်တွေချည်းပဲလေ "
စလာပါပြီ ။ မြတ်သောမောင်, အကြောင်းကို သူသာသိ ၊ သူသာတတ်အထာတွေ ။
" မနှောင်းရိပ်က ကိုကို့အကြိုက်တွေကိုသိနေတာလား။ ကျွန်တော်တောင်မသိဘူး "
ကိုယ်ပြောလိုက်သည့်လေသံထဲမှာ မနာလိုခြင်းတွေပါတယ်ဆိုတာ ဘယ်သူမှမသိတောင် ကိုယ့်ဘာသာသိနေလေသည် ။
" မြတ်သောရဲ့အကြိုက်ဆုံးအစားအစာက အုန်းနို့ခေါက်ဆွဲလေ ။ မြန်မာမုန့်တွေဆိုလဲ အရမ်းကြိုက်တာ။ အကြိုက်ဆုံးမြန်မာမုန့်က ဆနွမ်းမကင်းပေါ့ ။အုန်းနို့ခေါက်ဆွဲတောင် နှောင်းရိပ်တို့အိမ်ကချက်တဲ့ အုန်းနို့ခေါက်ဆွဲကို အကြိုက်ဆုံး
တဲ့ "" အော်! ဟုတ်လား "
" မြတ်သော, ကို အုန်းနို့ခေါက်ဆွဲလေးစားစေချင်လို့ စောစောလာပို့တာ ။ နှောင်းတောင် ဘာမှမစားခဲ့ရသေးဘူး "
ကိုယ်စားဖို့မုန့်ကိုလာပို့ပေးတဲ့သူက ဘာမှမစားခဲ့ရသေးဆိုတော့ မောင့် ,စိတ်ထဲအားနာရပြန်သည်။
" မုန့်တွေအများကြီးပဲဟာ နှောင်းလဲတစ်ခါထဲဝင်စားသွားလေ "
" အဲလိုစားလို့ရမလား "
" ရပါတယ် နှောင်းရဲ့ "
သောက်ကျိုးနည်း အစထဲက ဒီမှာစားဖို့အစီအစဉ်ရှိနေတဲ့ဟာကို ပလီပလာတွေလာပြောနေတယ် ။ကိုကို့ကို စိုက်ကြည့်နေလိုက်တဲ့အခါ သူ့ခမျာ မနေတတ်သလိုဖြစ်လာပြီး မျက်နှာတွေလည်ပင်းတွေကို လက်တွေနဲ့ပွတ်သပ်နေလေပြီ။
YOU ARE READING
တွယ်ငြိခဲ့လေသော ( တြယ္ၿငိခဲ့ေလေသာ ) Uni+Zaw