Yg:Kim Nam Joon မင်းတို့ရွာကမရောက်တော့ဘူးလား ဟ! မောလိုက်တာ"
Hs:ဒါမှမဟုတ် ငါတို့လမ်းပျောက်နေတာတော့မဟုတ်ပါဘူးနော်"
Nam Joon တစ်ယောက်ကြာလာတော့သည်းခံစိတ်ကုန်လာသည်။မြို့ကသူငယ်ချင်းနှစ်ယောက်ကိုရွာခေါ်လာမိပါတယ် တစ်လမ်းလုံး မရောက်သေးဘူးလား။လမ်းပျောက်သွားပြီးလာနဲ့ နားတွေကိုညဉ်းနေတာဘဲ။ချစ်ရသူလေးတောင်ဘာမှမပြောပေ။မောလို့စကားတောင်မပြောနိုင်တာတော့ Namjoonမသိပေ။စိတ်ထဲနေတော့Nam joonကိုကျိန်ဆဲနေသည်။
Nj:ရောက်တော့မှာပါကွာ ခဏလောက်ဆက်လျှောက်ရင်ရပြီး"
Hs:ဟင် ကားဘဲ၃နာရီလောက်စီးလာရတယ် လမ်းလျှောက်တာလဲ နာရီဝက်ရှိနေပြီး ဆက်လျှောက်ရဦးမှာလား''
Nj:အေး နည်းနည်းလောက်ဘဲ သည်းခံပေး"
Yg:မင်းတို့ရွာကတော်တော်ခေါင်တာဘဲ ကားတွေလည်းတစ်စီးမှမတွေ့ရဘူး seok jinမင်းNam joonဘာကြည့်ကြိုက်တာလဲ။
Seok jinခဗျာ ပြန်မပြောနိုင်တော့ပေ။မိဘတွေသဘောမတူလို့ ခိုးရာလိုက်လာတာမှားပြီးလာမသိ။ဟိုနှစ်ယောက်ကိုလည်းအားနာရသည် ခိုးရာလိုက်တဲ့ကိစ္စကိုကူညီပေးမိလို့ အိမ်တောင်မပြန်ရဲကြပေ မပြန်ချင်တာလည်းပါတာပေါ့။ငရဲနှင့်တူသည်နေရာကို ဘယ်သူကပြန်ချင်မှာလဲ။ဘာလို့လဲဆိုတော့ seok jinအကိုက ကူညီပေးတဲ့သူကော၊ခိုးရာလိုက်မည်သူပါ တွေ့တဲ့နေရာမှာသတ်ပစ်မည်ဆိုသောကြောင့်ဖြစ်သည်။LGBTကိုရွံမုန်းနေတဲ့မိသားစုမှာ လူဖြစ်လာရတာ seok jinအတွက်ငရဲတစ်ခုလို့ပင်။
Sj:ငါမင်းတို့ကိုတောင်းပန်းပါတယ် ငါကြောင့်"
Seok jinစကားမဆုံးခင်မှာဘဲ ho seok က
Hs:မင်းအပြစ်မဟုတ်ပါဘူး မင်းကြောင့်ငါတို့လွတ်လပ်ခဲ့တာ"
Ho seokပြောတာလည်းမှန်သည် ho seokကဒေါ်လေးနဲ့သာနေရသူဖြစ်ပြီး နေ့တိုင်းဒေါ်လေးယောကျာ်းရဲ့ရိုက်နှက်မူ၊ဒေါ်လေးရဲ့အမြင်မကြည်မူ၊တစ်ဝမ်းကွဲအကိုအမတွေရဲ့အနိုင်ကျင့်မူအောက်မှာသာကြီးပြင်းလာရသည်။နောက်အိမ်ထောင်ကိုယ်စီနဲ့ မိဘတွေကho seokကိုသေလူတစ်ယောက်လို့သာသဘောထားပြီး နောက်အိမ်ထောင်နဲ့ရ
သောကလေးကိုသာချစ်ကြသည်။ဒေါ်လေးသူကိုကြည့်ခဲ့တာက အဘွားကြောင့်သာ အဘွားဆုံးတော့ ဒေါ်လေးမိသားစုကho seokကိုအမြဲနှိပ်စက်သည်။Yoongiကမိထွေးနဲ့နေရသူ၊အဖေဖြစ်သူကမိမိစကားထက် မိထွေးစကားကိုသာနားထောင်သည်။မိမိထက်မိထွေးနဲ့ရသောကလေးကိုသာချစ်သည်။မိမိမွေးနေ့ကိုမသိတော့သည့်အထိပင်။ထိုပြင်မိထွေးကမိမိကိုချမ်းသာသောမုဆိုးမအဘွားကြီးနှင့်လက်ထပ်ပေးဖို့စီစဉ်သည်ကို မိမိဖခင်ကမငြင်းပယ်သည်အပြင် လက်ထပ်ရန်ပါတိုက်တွန်းခဲ့သည်။'မိသားစုဝင်တွေကောင်းစားဖို့မင်းအနစ်နာခံလိုက်ပါတဲ့'
အစကထဲကသူကိုအပယ်ခံလူလိုသဘောထားတဲ့လူက မိသားစုဆိုတဲ့စကားလုံးပြောလာ Yoongiသိပ်ရယ်ချင်သည်။