part_6

89 12 4
                                    

Hs:Yoon gi ရေငါကြောက်တယ်နော်"

Yg:ငါလည်းကြောက်တာပေါ့"

အများသုံးဖုန်းဆက်တဲ့နေရာက ရွာကနေအနည်းဆုံးနာရီဝက်လမ်းလျှောက်ရတဲ့အပြင် လယ်ကွင်းတွေကိုလည်းဖြတ်ကျော်ရသည်။အခုကလယ်စိုက်ချိန်မဟုတ်သေးသည့်အတွက် ကွင်းပြင်ကြီးသာဖြစ်နေသည်။
ကံကောင်းချင်တော့ လပြည့်ညဖြစ်သည်အတွက် လသာနေသည်။လရောင်ကိုအားကိုကာ တစ်ယောက်လက်တစ်ယောက်တင်းကျပ်အောင်ဆုပ်ကိုင်ထားကြပြီး ခရီးဆက်ခဲ့ကြသည်။

ဘုန်း!

အ!

Yg:ho seokအဆင်ပြေရဲ့လား"

ချိုမ့်ခွက်ဖြစ်နေသည်ကိုသတိမထားမိတာကြောင့်ho seokပြုတ်ကျပြီးခြေကျင်ဝတ်လည်သွားသည်။

Hs:ဟင့် ငါခြေထောက် "

Yg:လာထ ငါတွဲကူပေးမယ်"

အား!!

Hs:ထလို့မရဘူး လမ်းလျှောက်ဖို့အဆင်မပြေတော့ဘူး"

Yoongiတစ်ယောက်စိတ်ရူပ်သွားသည်။ရွာကိုပြန်ပြီးအကူအညီတောင်းရအောင်လည်း ho seokကိုချန်ထားဖို့စိတ်မချပေ။ကျောပိုးရအောင်လည်း ho seokခန္ဓာကိုယ်ထက်သေးနေတဲ့သူခန္ဓာကြောင့် ho seokကိုသူမသယ်နိုင်ပေ။

Yg:ဒုက္ခဘဲ Nam joonတို့ကလည်းတို့ကိုစိတ်ပူနေပြီးလား မသိဘူး"

ထိုအချိန်ရုတ်တရက်ခွေးအူသံများကြားလားရသည်။

Hs:Yoon giရေ မင်း•••မင်းကြား•••တ••တယ်•••မ••မ••လား"

Yg:ငါ••ငါလည်းကြားတာပေါ့"

Ho seokနဲ့yoon giကတစ်ယောက်ကိုတစ်ယောက်တင်းကျပ်အောင်ဖက်ထားသည်။ရုတ်တရက် ho seokက သူတို့မလှမ်းမကမ်းကအရိပ်တွေကိုတွေသတိထားမိသွားသည်။ခွေးအူသံကလည်း သူတို့နားနီးလာသလို အရိပ်တွေကသူတို့ဘက်ဆီတစ်ရွေ့ရွေ့လာနေသည်။

Ho seokရဲ့နှလုံးခုန်သံကကျယ်လောင်လာသည်။

Hs:y••oon ••g••gi ရေ အ•••အ••နေ••နောက်••"

ထစ်ငေါ့စွာပြောနေတဲ့ ho seokကြောင့် Yoon giကြောင်အနောက်လှည့်ကြည့်တော့ဇွန်ဘီလိုမျိုး ခြေတဖက်ဆွဲကာ စောင်းငဲ့စောင်းငဲ့နဲ့လာနေတဲ့သရဲရယ်၊
တရုတ်သရဲလိုမျိုး ခုန်စွခုန်စွနဲ့ခုန်လာတဲ့သရဲတစ်ကောင်ရယ် ပြီူတော့ ခေါင်းပြတ်ကိုလက်ကဆွဲလာတဲ့သရဲတစ်ကောင်ကိုတွေ့လိုက်ရသည်။

တောပန်းလမ်းလေးကချစ်သစ္စာ(bts)Where stories live. Discover now