"ဟျောင်း..ဒီပိတ်ရက်အားလား..ကျွန်တော်နဲ့အတူတူအပြင်ထွက်လည်ရအောင်လေ!"ဝန်ဘင်းက တက္ကသိုလ်ကျောင်းသားဖြစ်သော်လဲ အတန်းဖော် သူငယ်ချင်းတွေနဲ့ ဒိတ်လုပ်တာမျိုးမရှိ။ ပိတ်ရက်ရောက်တိုင်း လက်ထပ်ထားတာနှစ်ပတ်တောင်မပြည့်သေးတဲ့ အိမ်ထောင်ဘက်ဖြစ်သူ ဆောင်ချန်းနဲ့ အတူတူထွက်လည်ဖို့သာ စိတ်ရောက်တတ်တဲ့ကောင်လေး။
ဆောင်ချန်းက စာကြည့်မျက်မှန်ကိုတပ်ဆင်ထားပြီး စာရွက်တွေကိုလှန်လှောကာ မပြီးသေးတဲ့အလုပ်တွေကို အပြီးသတ်နေလို့ ဝန်ဘင်းရဲ့စကားကိုအာရုံမစိုက်အားပေ။ ဒါမှမဟုတ် တမင်မကြားချင်ယောင်ဆောင်နေတာလား မပြောတတ်ပါ။
"ဟျောင်း..ကျွန်တော်ပြောတာကြားရဲ့လား"
ဝန်ဘင်းရဲ့အသံကတိုးသွား၏။ ဟျောင်းရဲ့မျက်ခုံးနှစ်ဖက်ဟာ ထိလုမတတ်ကြုတ်ထားတဲ့အတွက် ဝန်ဘင်းက ဆန္ဒမပြည့်ဝတဲ့ ခံစားချက်နဲ့အတူ
"ဒါဆိုလဲအလုပ်ဆက်လုပ်ပါ ကျွန်တော်အရင်အိပ်နှင့်မယ်နော်"
ဝန်ဘင်းက ခြေသံဖွဖွဖြင့် ဆောင်ချန်းအလုပ်လုပ်နေတဲ့စာကြည့်ခန်းထဲကနေ ထွက်သွားဖို့ပြင်သည်။ တံခါးကိုလဲ ဂရုတစ်စိုက်ဖွဖွလေးပြန်ပိတ်သွားဖို့မမေ့။
အခန်းထဲပြန်ရောက်လာတဲ့ဝန်ဘင်းက လေပူတစ်ချက််မှုတ်လိုက်ပြီး အချိန်ကိုက် မြည်လာတဲ့ဖုန်းကို ကြည့်လိုက်တော့ ဟျောင်းရဲ့ အမေ ဖြစ်နေတာကြောင့် ဝန်ဘင်းအနည်းငယ် အံ့ဩသွားပြီး ချက်ချင်းဖုန်းကိုင်လိုက်သည်။
"ဟုတ်ကဲ့ မေမေ..အာ..စိတ်မပူပါနဲ့ ဟျောင်းက ဒီတစ်ပတ် ပိတ်ရက် ကျွန်တော့်ကိုအပြင်လိုက်ပို့ပေးမှာတဲ့..မေမေတို့အိမ်ကိုနောက်မှ အတူတူလာခဲ့မယ်လေ..ဟုတ်ကဲ့ ကျွန်တော်က နေကောင်းပါတယ် ဟျောင်းကသာ အလုပ်တွေဖိလုပ်နေတာလေ.."
ဝန်ဘင်းက သူရဲ့ယောက္ခမနဲ့ ဖုန်းကို မိနစ်၂၀ခန့်ပြောပြီးနောက်ဖုန်းချလိုက်သည်။
"ဒီနေ့လဲ အလိမ်စကားတွေပြောလိုက်ရပြန်ပြီပဲ"
ဝန်ဘင်းက ဖုန်းကိုကုတင်ပေါ်ကိုပစ်တင်လိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားသည်။စကင်ကဲရသေးတာက ၁၅မိနစ်ကျော်မို့ ဝန်ဘင်းက အိပ်ရာထဲရောက်ဖို့အရေး မိနစ်၃၀ကျော်လောက်ယူလိုက်ရသည်။