ဆောင်ချန်းရဲ့ဦးနှောက်က အခုမှအိပ်ရာနိုးခါစမို့ ကောင်းကောင်းအလုပ်မလုပ်သေး။ အိပ်ရေးမဝတာမို့လို့ ခေါင်းကသိပ်မကြည်။ရင်ဘတ်ပေါ်မှာလာတင်ထားတဲ့ လက်တစ်ဖက်ကြောင့် ဆောင်ချန်း ခေါင်းကိုစောင်းငဲ့ကြည့်လိုက်သည်။မျက်တောင်တွေစင်းကော့ကျနေပြီး အိပ်မောကျနေလို့ အောက်နူတ်ခမ်းက ရှေ့ကိုအနည်းငယ်ဆူထွက်နေတဲ့ ဟိုကလေး။
မျက်လုံးတွေကိုပါဖုံးအုပ်လုမတတ်ဖြစ်နေတဲ့ဆံပင်က ဂုတ်ကိုလဲထောက်နေသေးတာ။ ဒီကလေး ဆံပင်မညှပ်ဘူးလား။
ဆောင်ချန်းက ဝန်ဘင်းရဲ့ဆံပင်ကို ထိဖို့ လက်အလှမ်းမှာ အသိတရားဝင်သွားသကဲ့သို့ မျက်မှောင်စုကြုတ်သွားပြီး လှဲနေရာမှ ထလိုက်သည်။ အဲ့တော့ ဆောင်ချန်းရင်ဘတ်ပေါ်က ဝန်ဘင်းလက်က ကုတင်မွေ့ရာပေါ် ဘုတ်ကနဲ။
ဝန်ဘင်းက တစ်ချက်လှုပ်ရှားမှုရှိသွားပြီး တစ်အင်းအင်း တစ်အဲအဲ အသံပြုပြီး ဆောင်ချန်းကို ကျောပေးကာ ပြန်အိပ်သွားတယ်။
တကယ်ပါပဲ..တစ်ကုတင်လုံးကို အပိုင်စီးထားတော့တာ!
အိပ်တုန်းကတော့ ကြားထဲအကွာအဝေးခြားပေမဲ့ မနက်ရောက်တိုင်း အဲ့ကလေးက သူ့နေရာဘက်ကိုရောက်ရောက်လာတတ်တယ်။ တစ်ခါတစ်လေဆို ဆောင်ချန်းတောင် အောက်ပြုတ်ကျတော့မလို ဖြစ်ခဲ့သေး။
မနက်စောစောစီးစီး အရေးမပါတာတွေကို တွေးနေရတဲ့ဆောင်ချန်းက ကိုယ့်က်ိုယ်ကိုယ် မကျေမနပ်ဖြစ်မိသည်။
-California-
"ဟျောင်း.."
"အင်း.."
အလုပ်လုပ်နေတဲ့ စာကြည့်ခန်းထဲတွင် ဖြစ်ရာ ဝန်ဘင်းက ဆောင်းချန်းကို အသိပေးစရာတစ်ခုရှိလို့ တံခါးခေါက်ပြီးဝင်လာခဲ့သည်။
"ဘာပြောမလို့လဲ"
ဆောင်ချန်း ဝန်ဘင်းကိုမကြည့်ပဲမေး၏။
"မနက်ဖြန်ကျရင် သူငယ်ချင်းအိမ်မှာ သွားအိပ်မလို့..အိမ်ကိုပြန်မလာဖြစ်လောက်ဘူး...အဲ့ဒါဟျောင်းကိုပြောပြတာပါ.."
"အင်းသိပြီ ကောင်းကောင်းသွား"
"အဲ့ဒါဆို ကျွန်တော်အရင်အိပ်နှင့်မယ်နော်..ဟျောင်းလဲစောစောအိပ်"