"ဒါဆို သူတို့ဘက်က အရင်စကမ်းလှမ်းတာဆိုတော့ ကျွန်တော်တို့ဒီပရောဂျက်ကို သေချာပြင်ဆင်ထားကြရင်ပိုကောင်းမယ်""ကောင်းပြီ"
အစည်းအဝေးပွဲတွင် အဖွဲ့မှူးတစ်ယောက်ရဲ့ဆွေးနွေးတိုင်ပင်ချက်ကို ဆောင်ချန်းက သဘောတွေ့တာမို့လို့ ဆောက်လုပ်ရေးပရောဂျက်အသစ်ကိုလဲ ထိုအဖွဲ့မှူးကို ဦးစီးစေလိုက်သည်။
အမေရိကန်-ကိုးရီးယား အဆောက်အအုံဆောက်လုပ်ရေးပရောဂျက်ဖြစ်နေတော့ ပိုမိုအလေးပေးနေရ၏။ ပြီးတော့ အမေရိကန် ဘက်က အရင်ကမ်းလှမ်းတာမို့လို့ ဆောင်ချန်းတို့ ကုမ္ပဏီရဲ့ သတင်းကောင်းဖြစ်ခဲ့သေးသည်။
အစည်းအဝေးပွဲအပြီး နေ့လည်စာ စားချိန်ရောက်တော့ အွန်ဆော့က ဆောင်ချန်းတို့ကုမ္ပဏီနားလမ်းကြုံလို့ဟု ဆိုကာ ဆောင်ချန်းရဲ့ကုမ္ပဏီကိုပါရောက်လာခဲ့ပြီး နှစ်ယောက်အတူတူ ထိုပရောဂျက်ကိစ္စကိုပဲစကားအကြောင်းအရာကဖန်တရာထပ်ရပြန်တယ်။
ဆောင်ချန်းက ဥက္ကဌထိုင်ခုံမှာထိုင်နေပြီး ကွန်ပြူတာစခရင်ကိုလဲအာရုံစိုက်ထားကာ ရုံးခန်းပတ်ပတ်လည်လည်မှာ ဟိုလျှောက်ဒီလျှောက်လုပ်ပြီး စကားတွေပြောနေတဲ့ အွန်းဆော့ရဲ့စကားကိုလဲ နားစွင့်ထားရ၏။
"မီယီယမ်နဲ့ချီပြီးရတော့မှာပဲ ဒီကောင်တော့!"
အွန်ဆော့က စနောက်တဲ့လေသံနဲ့ ပြောတော့ ဆောင်ချန်းက ပြုံးရုံသာပြုံးလိုက်ပြီး ရုပ်တည်နဲ့ပြန်စလိုက်သည်။
"မင်းမင်္ဂလာဆောင်ရင် အဲ့ငွေတစ်ဝက်လောက် လက်ဖွဲ့မယ်"
"ဟေ့ကောင် ဖြစ်နိုင်တာပြောကွ!"
အွန်ဆော့က လှမ်းဟမ့်တော့ ဆောင်ချန်းကရယ်ရုံသာ။
အခုထိ ရည်းစားဆို အဖြူလား၊အမဲလား မသိတဲ့ လူပျိုသိုးကြီး ဆုန်းအွန်ဆော့ကို နှိမ်လိုက်တဲ့သဘောပဲမဟုတ်လား! အဲ့ဒါကြောင့် အွန်ဆော့က ကြိတ်မနိုင်ခဲမနိုင် 'မင်းပြောအားရှိတော့ ပြောထားပေါ့ကွာ' လို့ပြောချင်နေသေးတာ။"မင်္ဂလာဆောင်ဆိုမှပြောရဦးမယ်..နောက်တစ်ပတ် ငါ့ညီမ ဝမ်းကွဲမင်္ဂလာဆောင်ရှိတယ်၊ မင်းပါလိုက်ခဲ့"