01

469 52 5
                                    

ပူနွေးတဲ့ နေရောင်ခြည်ဟာ ပင်လယ်ပြင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး အပြာရောင်ရေလှိုင်းလုံးကြီးများကကျောက်ဆောင်များကို ရိုက်ခတ်လာတယ်။

    သေသေချာချာကြည့်လိုက်ရင် နေပူထဲမှာပျင်းရိငြီးငွေ့ဖွယ် ရောင်စုံသန္တာကျောက်တန်းထဲမှာ အသိုက်အမြုံရှိ အဖြူရောင်ဥဝိုင်းတစ်ခုကို တွေ့နိုင်ပါတယ်။

    အဖြူရောင်ဥကလေး ရုတ်​တရက်​ လှုပ်​ရှားသွား​ပေမယ့်​ နောက်တော့ မလှုပ်ရှားတော့ဘူး။

    အဲ့အချိန် အနီရောင်ငါးအမြီးသည် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ နေရာအနှံ့ ရေတွေ ပက်ကျဲကျဲဖြစ်သွားပြီး အနီရောင်ဆံပင်အရှည်နဲ့ လူတစ်ယောက် ရေထဲက ထွက်လာတယ်။

    ထိုလူက ခေါင်းမော့လိုက်ရာ ချစ်စရာကောင်းတဲ့ မျက်နှာကို ပေါ်လွင်စေသည်။ ရေအောက်ရှိ ဆူးတောင်အမြီးက အနည်းငယ်ယိမ်းယိုင်သွားပြီး သန္တာကျောက်တန်းဆီသို့ ကူးခတ်သွားတယ်။ အဲ့နောက် သူသန္တာကျောက်တန်းရှိ အဖြူရောင်ဥဝိုင်းကို အလေးအနက်ထား ကြည့်ရှုခဲ့တယ်။

    အမ်?အဲဒီလူက သူ့ရဲ့ကျဉ်းမြောင်းတဲ့မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တော့ သူ့ဥက ရွေ့သွားပုံပေါ်တယ်။

    ထိုလူ ပင်လယ်ထဲသို့ ထိုးဆင်းသွားပြီး သူ့ပါးစပ်ကို အနည်းငယ်ဖွင့်ကာ ရေသူတို့ရဲ့ ထူးခြားတဲ့ အသံလှိုင်းများကို ထုတ်လွှတ်လိုက်တယ်။

     အနီရောင်မျက်လုံးများက အဖြူရောင်ဥကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေပြီး ဉရဲ့ တုံ့ပြန်မှုကို သူလက်လွတ်မခံပေ။ သူက စိတ်လှုပ်ရှားစွာနဲ့ ဥကို ကောက်ယူပြီး အပြင်းအထန် ပွတ်တိုက်ရင်း "ကလေး။ နောက်ဆုံးတော့ မင်း ပြောင်းသွားပြီ!"

    "ဉက လှုပ်ရှားနေတာလား?" ထိုအချိန်တွင် သူ့နောက်မှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာတယ်။ အဲဒီလူက နောက်ပြန်လှည့်မကြည့်ဘဲ သူ့မျက်နှာကို ဥဖြူနဲ့ ပွတ်တိုက်နေပြီး "ဉက တုံ့ပြန်တယ်။ မလှုပ်ဘူးဆိုရင်တော့ ဥသေတွေအဖြစ် ပြောင်းလဲသွားပြီလားလို့ ကျွန်တော် တွေးမိတယ်။"

ငါက ရေသူအတုဖြစ်နိုင်တယ်Where stories live. Discover now