05

128 37 9
                                    


    ကျာ့လီရဲ့ ရေသူမငယ်လေးကို ကြည့်ရှုရန် သန္တာကျောက်တန်းပေါ်တွင် ဒါဇင်ပေါင်းများစွာသော ရေသူများ စုရုံးရောက်ရှိလာကြတယ်။

    "အင်း၊ သူက အရမ်းငယ်တယ်။" ဖေးရက  သူ့လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး သားပေါက်လေးအပေါ် အမူအရာအချို့ပြုလုပ်ကာ "သူက ငါ့လက်ချောင်းလောက်တောင် မရှည်ဘူး"

    "သူက အရမ်းသိမ်မွေ့တယ်။ သူတစ်ယောက်တည်း ဘယ်လိုအမဲလိုက်မလဲ" ရေသူတွေက စိုးရိမ်တကြီး ကြည့်နေတယ်။

    နူးညံ့သိမ်မွေ့တဲ့ ရေသူငယ်လေးကို သူတို့ရဲ့ ပင်လယ်ဧရိယာမှာ တစ်ခါမှမပေါက်ဖူးရာ ဒီရေသူလေး ကျန်းမာစွာ ကြီးပြင်းလာနိုင်ပါ့မလားလို့ လူတိုင်းက စိုးရိမ်နေကြတယ်။

    သုန်းကျိုင် အိပ်မောကျနေရာမှ နိုးလာပြီး ကြောင်စီစီဲနဲ့ သူ့ မျက်လုံးတွေကို ပွတ်သပ်ကာ ထထိုင်လိုက်ပြီးနောက် ဒါဇင်များစွာသော အနီရောင်နဲ့ အစိမ်းရောင် မျက်လုံးကြီးတွေကို မြင်လိုက်ရကာ သုန်းကျိုင်ရဲ့ မျက်လုံးတွေမှာ ချက်ချင်းပင် မျက်ရည်များ ပြည့်လာကာ "ဝါးးးးးးးးးးးး.."

    "ပါ..." သုန်းကျိုင် သူ့အဖေကို လှည့်ကြည့်လိုက်တယ်။

    "မကြောက်ပါနဲ့ ကျိုင်ကျိုင် ပါးပါး ရောက်နေပြီ " ကျာ့လီက သူရှေ့မှာ ပိတ်ဆို့နေတဲ့ ဖေးရကို ဖယ်လိုက်ကာ ရေသူလေးကို ကောက်ကိုင်လိုက်ပြီး နူးညံ့သောအသံနဲ့ "မကြောက်ပါနဲ့၊ ဒါက ဦးလေးဖေးရ၊ သူ့တို့ မိသားစုက ယွီကျိုင်လေးက မင်းထက် သုံးလလောက်စောပြီး ပေါက်သွားတာ။"
( ကျိုင်ကျိုင်ဆိုတာ သာပေါက်လေး၊ကလေးလေးပါ )
 

    သုန်းကျိုင်က ဖြည်းညှင်းစွာ အငိုရပ်သွားတယ်။ သူသည် သူ့အဖေရဲ့ ဆံပင်ကို လက်လေးတွေနဲ့ ဆုပ်ကိုင်ကာ သတ္တိကို စုစည်းပြီး  မျက်ရည်တွေ ဝဲလျက် ဖေးရရဲ့ ခေါင်းပေါ်မှာ လဲလျောင်းနေတဲ့ ရေသူလေးကို ကြည့်လိုက်တယ်။

    ရေသူလေးမှာ အပြာရောင်ဆံပင်တိုတိုရှိပြီး ဖြူကောင်ကလေးနဲ့တူတယ်။ သူ့လက်နှစ်ဖက်ကို ပိုက်ထားပြီး သူ့မျက်နှာက ပုန်ကန်မှုအပြည့်နဲ့။ သုန်းကျိုင်ရဲ့ ကြည်လင်တဲ့ အပြာရောင်မျက်လုံးတွေကို တွေ့လိုက်တဲ့အခါ ဒေါသတကြီး လှည့်ထွက်သွားတယ်။

You've reached the end of published parts.

⏰ Last updated: Jul 09 ⏰

Add this story to your Library to get notified about new parts!

ငါက ရေသူအတုဖြစ်နိုင်တယ်Where stories live. Discover now