04

179 30 4
                                    

(ရေသူထီး ရေသူမ မခွဲတော့ပဲ ရေသူမလို့ပဲရေးလိုက်မယ်နော် သူတို့က mermaid လို့ပဲလေးထားလို့ပါ)

အုပ်စုတစ်ခုမှာ အသန်မာဆုံး ရေသူမကို အခြားရေသူမများက နှစ်သက်လေ့ရှိတယ်။

လိန်ကျယ်ဟာ ဒီပင်လယ်ဧရိယာတွင် အင်အားအကြီးဆုံး ရေသူမပဲ။ အစောကတည်းက ကျာ့လီကို သူ့အဖော်အဖြစ် မရွေးချယ်ခဲ့ဘူးဆိုရင် တခြားပင်လယ်ဒေသက ရေသူမတွေက မိတ်ဆုံဖို့ တောင်းရမ်းဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ မိုက်မဲသော ဖခင်နှစ်ဦးက သူတို့ရဲ့ ကျိုင်ကျိုင်ဟာ ပင်လယ်တစ်ခုလုံးမှာ အသန်မာဆုံး ရေသူမလေးဖြစ်ကြောင်း အခိုင်အမာပြောဆိုနေကာ ငြင်းခုံရန်နေရာမရှိပေ။

ပင်လယ်ထဲက အစွမ်းထက်ဆုံး ရေသူမလေးဖြစ်လာမှန်း မသိသော သုန်းကျိုင်ဟာ သူ့ပါးပြင်များကို ဖုံးအုပ်ထားတယ်။ လိန်ကျယ် ပုဇွန်ကို အသားပြားဖြစ်အောင် ထောင်းထားသော်လည်း ပုစွန်သားဟာ သုန်းကျိုင် အတွက် မာလွန်းနေသေးရာ ဝါးရလွန်းလို့ သွားတွေတောင်နာတယ်။

ရေသူမလေးဟာ စိတ်ဆင်းရဲစွာဖြင့် သူ့ပါးပြင်တွေကို ဖုံးအုပ်နေတာကို လိန်ကျယ် သတိပြုမိလိုက်တယ်။သူဟာ ဒီပင်လယ်ဒေသမှာ အင်အားအကြီးဆုံး ရေသူမလေးဖြစ်ခဲ့သော်ငြားလည်း သူ့ရေသူမလေးမှာ ပျော့အိနေတဲ့ အသားများကို ကိုက်ပြီး သွားများ နာကျင်စေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ လိန်ကျယ် ထိုင်ချလိုက်ပြီး ရေသူမလေးကို ကြည့်ကာ "ကျိုင်ကျိုင်ဘာလို့ မစားတာလဲ? ပျော့အိနေတဲ့အသားကို မကြိုက်ဘူးလား"

သုန်းကျိုင်က ခေါင်းယမ်းလိုက်ကာ ပါးစပ်လေးကိုဖွင့်လိုက်ပြီး "ပါး..."

ရေသူမလေးဟာ စကားအပြည့်အစုံ မပြာနိုင်သေးရာ ရှက်ရွံ့သွားပြီး မာနကို ထိခိုက်ခဲ့ရတော့ စိတ်ပျက်စွာ သူ့ ဥခွံထဲသို့ တွားသွားကာ ငါးအမြီးကို ဖက်ပြီး ဘောလုံးတစ်လုံးထဲသို့ ကွေးကောက်ကာ စကားမပြောတော့ပေ။

ငါက ရေသူအတုဖြစ်နိုင်တယ်Where stories live. Discover now