Chapter 81

2.3K 239 2
                                    

Unicode

[မမလေး ကျွန်တော့်ကိုကြည့် ဒရိုင်ဘာဖြစ်ဖြစ်၊ အိမ်ထိန်းဖြစ်ဖြစ် ကလေးထိန်းဖြစ်ဖြစ် ကျွန်တော် အားလုံးကို လုပ်နိုင်တယ်]

[မမလေး အိပ်ယာနွေးစေမယ့် လတ်ဆတ်တဲ့အသားတုံးလေးတွေရော ရှားပါးနေလား ကျွန်တော်က အရပ် 1.8 မီတာရှိပြီး 8packsလည်းရှိတယ် ကြည့်လည်းကောင်းပြီး အလုပ်ကောင်းကောင်းလုပ်မှာပါ ကျွန်တော် *အဲ့ဒါကို တစ်နေ့ ခုနစ်ကြိမ်လောက်လုပ်နိုင်တယ် ကျေးဇူးပြုပြီး ကျွန်တော့်ကိုစဉ်းစားပေးနော်](အဲ့ဒါ means you know🌚)

Global International Weibo အကောင့်ရဲ့ မှတ်ချက်တွေကို ပြောရရင်တော့ ၎င်းတို့က ဒီလိုတွေပါ။

[ဥက္ကဋ္ဌ၊ ခင်ဗျားရဲ့သားမက်က ခင်ဗျားကို မဂ်လာပါလို့ နှုတ်ဆက်ဖို့ ဒီကိုရောက်လာပြီနော်]

[ဥက္ကဌ၊ ခင်ဗျားရဲ့သမီးကို အရမ်းချစ်တယ်ဗျာ ကျွန်တော်တို့ဆက်ဆံရေးကို ခင်ဗျားသဘောတူရမယ်နော်]

[ဥက္ကဋ္ဌ၊ ပထမဆုံးသောတွေ့ဆုံမှုပါ မင်္ဂလာပါ ကျွန်တော်က ခင်ဗျားရဲ့သားမက်ပါ ကျွန်တော့်နာမည်က xx]

အင်တာနက်ပေါ်ရှိဦးတည်ရာက ရုတ်တရက် ထူးဆန်းတဲ့ဘက်ကို ပြောင်းလဲသွားတော့တယ်။

သူမအဖေရဲ့ကုမ္ပဏီဖြစ်တဲ့ Global International က သူမရဲ့Weibo ပို့စ်ကို လွန်ခဲ့တဲ့နာရီဝက်က ပြန်တင်ခဲ့တယ်ဆိုတာကို ကုမျန်မသိခဲ့ဘူး။

သူမသိသွားတဲ့အချိန်ကျတော့ သူမနဲ့ Global International ရဲ့ Weibo မှာ မှတ်ချက်ပေါင်း 50,000 ကျော်ရှိနေပြီဖြစ်တယ်။

ကုမျန်က ပေါ့ပေါ့ပါးပါး အကြည့်တစ်ချို့ ပေးလိုက်ပြီး ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ ရှောင်ကျူးကို မေးလိုက်တယ်။ "ရွှယ်ရိရော ဘယ်လိုလဲ"

ရှောင်ကျူးက ဖုန်းကို အဝေးကနေပဲ လှမ်းကြည့်လိုက်ပြီး သရော်လိုက်တယ်။"မျန်းမျန် ရွှယ်ရိက နင့်ကို ကံဆိုးမိုးမှောင်ကျတာတွေ ခွဲဝေပေးချင်ပေမယ့် သူမမှာ အဲလိုလုပ်နိုင်စွမ်းရှိမရှိဆိုတာကို သူမ မတွေးမိခဲ့ဘူးပဲ! သူမက အခု သေလုမြောပါးထိ ဆဲဆိုကြိမ်းမောင်းခံနေရပြီလေ သူမက အရှုပ်တော်ပုံတစ်ခု ဖော်ထုတ်ခံလိုက်ရပေမယ့် နင့်ကိုပါ တကယ်ကြီး ရေထဲဆွဲချချင်နေတာက အရမ်းကို အရှက်မဲ့လွန်းတယ်လို့ အင်တာနက်သုံးစွဲသူတော်တော်များများက ပြောနေကြတယ် သူမက စိတ်ထဲမှာ ပေသီးတွက်နေပေမယ့် နောက်ဆုံးတော့ သူမရဲ့ခြေထောက်ကို သူမဘာသာ ပစ်လိုက်မိမယ်လို့ ဘယ်သူကထင်မှာလဲ ရလဒ်က ဒီလိုတွေဖြစ်လာမယ်ဆိုတာ သူမသိရင် အသတ်ခံလိုက်ရရင်တောင် နင့်ကို ဘယ်တော့မှ ရေထဲဆွဲချမှာမဟုတ်ဘူးလို့ ငါထင်တယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ် BOOK ¹Donde viven las historias. Descúbrelo ahora