Chapter 3 - Part 2 (unicode)

1.8K 108 8
                                    

အခန်း ၃ (အပိုင်း ၂)

ထယ်ဝမ်က အိပ်ပျော်သွားတဲ့ ဂျယ်ဝန်းရဲ့ကိုယ်ပေါ်မှာ စောင်ခြုံပေးလိုက်တယ်။ အဲ့ဒီနောက် သူက ဂျယ်ဝန်းကို ကြည့်လိုက်တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျယ်ဝန်း ကွာရှင်းလိုက်တယ်ဆိုပြီး ထယ်ဝမ် ကြားမိခဲ့ပါတယ်။ ဂျယ်ဝန်းက အဲ့ဒါကို စိတ်ထဲမထားသလိုလို နေခဲ့ပေမဲ့ အတန်ကြာအောင် အလုပ်မတွင်ဖြစ်ခဲ့တာပါ။ ဒီနေ့တော့ သူ ကွာရှင်းရတဲ့ ဇာတ်လမ်းတစ်ခုလုံးအကြောင်း ထယ်ဝမ် ကြားသိလိုက်ရတယ်။

ကွာရှင်းဖို့ အရင်စပြောလာသူက သူ့အမျိုးသမီးတဲ့လေ။ ဂျယ်ဝန်းက ဇနီးဖြစ်သူကို စိတ်ပြောင်းအောင်လုပ်ဖို့ အသည်းအသန် ကြိုးစားခဲ့ပေမဲ့ သူ့အမျိုးသမီးက စိတ်မပြောင်းဘဲ မယိမ်းမယိုင်ရှိခဲ့တာဆိုပြီး ထယ်ဝမ့်ကို ပြောပြခဲ့တယ်။

ဇနီးဖြစ်သူက သူ့ဆီကနေ မယားစရိတ်တောင်မလိုပါဘူးလို့ပြောရင်း ကွာရှင်းပေးဖို့ တောင်းဆိုလာတဲ့အခါ သူ့ဇနီးသူ ထပ်ပြီးဆွဲထားလို့မရတော့မှန်း ဂျယ်ဝန်း သဘောပေါက်လိုက်ရတယ်။ အခု ဇနီးဖြစ်သူအတွက် သူလုပ်ပေးနိုင်တာက ကွာရှင်းပေးလိုက်ရုံအပြင် မရှိဘူးဆိုတာကို နားလည်လိုက်ရတော့တယ်။ ပြီးတော့ သူ့ကလေးတွေက ဒီလိုပဲဖြစ်လာမယ်ဆိုပြီး မျှော်လင့်ထားတဲ့အလား သူ့ဇနီးနောက်ကိုပဲ လိုက်သွားခဲ့ကြတယ်။

"သားသမီး ပျိုးထောင်ရတာ အလကားပါကွာ။ ငါကမှ အရင်စပြီး မဆက်သွယ်ရင် ဒီအဖေ အသက်ရှိသေးရဲ့လားဆိုတာတောင် အရေးစိုက်ကြတာမဟုတ်ဘူး။ နေမကောင်းဘူးလို့ ပြောမိပါတယ်၊ အိမ်နားမှာရှိတဲ့ ဆေးရုံကို သွားလိုက်လေတဲ့။ ပြီးတော့ ငါ ဒရာမာအသစ် ရိုက်နေတယ်လို့ပြောပြတော့ ရိုက်ကွင်းက သရုပ်ဆောင်တွေရဲ့ အော်တိုလက်မှတ် ပို့ပေးလိုက်ဆိုပြီးတော့ပဲ ပြောကြတာ...ဟား။ ပြီးတော့ အော်တိုလက်မှတ်ကို ကိုယ်တိုင်ယူချင်ကြတာလည်း မဟုတ်ဘူး။ အမှာပို့နဲ့ ပို့ပေးလိုက်ပါတဲ့။ အလုပ်မအားကြလို့တဲ့လေ...အလုပ်က ဘယ်လောက်များနိုင်မှာမို့လို့လဲ...။ ငါက သူတို့မျက်နှာလေးတွေ တွေ့ချင်မိရုံလေးကို။"

တို့နှစ်ယောက် ဘာကြောင့် ဝေးရတယ် [ဘာသာပြန်] (Completed)Where stories live. Discover now