Chapter 1 - Part 1 (unicode)

3.3K 113 8
                                    

အခန်း ၁ (အပိုင်း ၁)

ဟာယွန်း ထယ်ဝမ်နဲ့ ပထမဆုံးအကြိမ် သေသေချာချာလေး တွေ့ဆုံဖူးတဲ့အချိန်က အသက် ဆယ့်ရှစ်နှစ်အရွယ် စသင်နှစ်အစ ကျောင်းဖွင့်ချိန်မှာပါ။ ဟာယွန်းက ကျောင်းကို ပုံမှန်ထက် စောစောရောက်လာခဲ့ပြီး ကောင်လေးတစ်ယောက်က ကြိုတင်ရောက်နှင့်နေတာကို တွေ့လိုက်ရတယ်။

ကျောင်းဝတ်စုံဝတ်ထားတဲ့ အဲ့ဒီကောင်လေးက ကုလားထိုင်တစ်လုံးကို ပြတင်းပေါက်နား ဆွဲယူပြီး ခြေထောက်တွေကို အရှေ့ဆန့်ထားလျက် ထိုင်နေခဲ့တာပါ။ အပြင်မှာ ချမ်းစိမ့်စိမ့်ရှိနေတုန်းပဲဆိုပေမဲ့ သူ့ကြည့်ရတာ လေညင်းအေးအေးလေးကို ခံစားနေတဲ့ပုံပါပဲ။

ဘယ်လိုလုပ်ရမလဲ။

ဟိုမှာပဲနေရမလို ဒီမှာပဲနေရမလိုနဲ့ ဟာယွန်းတစ်ယောက် တံခါးကို ဖွင့်လိုက်တယ်။ တံခါးလျှောပွင့်သွားတဲ့အသံကို ကြားလိုက်ရတဲ့အခါ ကောင်လေးက လှမ်းကြည့်လာခဲ့တယ်။

သူ့မျက်နှာထားကို ကြည့်ရပုံထောက်ရင် ဒီအချိန်ကြီး တစ်ယောက်ယောက် ရောက်လာလိမ့်မယ်မှန်း မျှော်လင့်မထားတဲ့ပုံပါပဲ။ အဲ့ဒီနောက် သူက ဟာယွန်းရဲ့မျက်နှာကို မရေမရာ ငေးကြည့်နေခဲ့တယ်။ သူ မြင်နေရတာကို မယုံနိုင်တဲ့အလားပေါ့။ အဲ့ဒီလိုနဲ့ အချိန်အတန်ကြာအောင် ကုန်လွန်သွားခဲ့တယ်။ ဒီအတိုင်းသာဆို သူ့မျက်နှာမှာ အပေါက်ကြီးဖြစ်သွားတော့မှာပဲလို့ ဟာယွန်း ခံစားလိုက်ရတယ်။

ပြန်ထွက်သွားဖို့ စဉ်းစားခဲ့မိပေမဲ့ အခု မျက်လုံးချင်းဆုံသွားခဲ့ပြီးပြီဆိုတော့ အရမ်းကို ရုပ်ပေါက်သွားလောက်မယ်မဟုတ်လား။ အဲ့ဒါကြောင့် ဟာယွန်းက အတန်းအနောက်ဘက်ဆီသွားတဲ့ လျှောက်လမ်းနဲ့အနီးဆုံး စာရေးစားပွဲခုံဆီကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ အဲ့ဒီကောင်လေးနဲ့ အဝေးဆုံးမှာရှိနေတဲ့ စားပွဲပေါ့။

သူ ဟာယွန်းကို ကြည့်နေမှန်း မျက်လုံးထောင့်ကနေ မြင်နေရဆဲပါ။ နှုတ်ဆက်မလို့လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကြည့်နေရတာပါလိမ့်။ အဲ့ဒီအစား သူကပဲ စပြီးနှုတ်ဆက်လိုက်ရမလားလို့ တွေးမိခဲ့ပေမဲ့ သူတို့နှစ်ယောက်စလုံး အဲ့ဒီလိုလုပ်ဖို့အတွက် အချိန်ကောင်းကို လွဲသွားခဲ့တယ်လေ။

တို့နှစ်ယောက် ဘာကြောင့် ဝေးရတယ် [ဘာသာပြန်] (Completed)Where stories live. Discover now