My life

245 8 0
                                    

Unicode

"  မောင်လေးရေ ထတော့"

"အင်း မမငယ် ၅မိနစ်ပဲနော် နော် "

"ကဲ ဟုတ်ပါပီ၅မိနစ်ပြီးရင်ထရမယ်နော်"

"ဟုတ် မမငယ်"
ဒါကတော့ မနက်ခင်း ၇နာရီတိုင်း လာနိုးတတ်တဲ့ မမငယ်ပေါ့။ ပိုင်မှူးရဲ့ဘဝကကံကောင်းသည်ဟု ပြောရမယ် ဘာလို့ဆို မနက်တိုင်းအနမ်းလေးနဲ့ လာနှိုးပေးတတ်တဲ့ မမငယ်ကြောင့်ပါ။သူများတွေ မနက်တိုင်း နှိုးစက်အသံနဲ့ နိုးရတဲ့အချိန်မှာသူကတော့ အနမ်းလေးနဲ့ နိုးထရတယ်လေ။
  
" မောင်လေးရေ ပိုင်မှူး ထတော့ ကျောင်းသွားရအုံးမယ်လေကွယ်"

"အင်း ဟုတ် မမငယ် သားထပီနော်"
သူထလိုက်တော့ ကုတင်ခြေရင်းမှာထိုင်ပီး သူ့ကိုပြုံးပြနေတဲ့ သူရဲ့မမငယ် ထဘီရင်ဖုံးအဖြူရောင် ၊ ပေါင်လယ်အောက်ထိရှည်လျားဖြောင့်ဆင်းနေတဲ့ဆံနွယ်တွေကို မစီးဘဲ ချထားပုံမှာ အလွန်ယဉ်ပီးအလွန်လှသည်။ Firth year (DVM) Queen ဆိုတာ မပြောဘဲတောင်သိနိုင်သည်။

သူလဲ မမငယ်ကိုပြုံးပြပီး ရေချိုးခန်းသိုဝင်ကာ ကိုယ်လက်သန်စင်ပီးရေချိုးလိုက်သည်။ သူထွက်လာတော့ မမငယ်မရှိတော့၊ သူရဲ့စောင်၊ခေါင်းအုံးတွေဟာလည်း စနစ်တကျ စီစီရီရီ ဖြစ်နေသည်။ ထိုပေါ်မှ သူကျောင်းသွားရင်ဝတ်ဖို့.T shirt လက်ရှည် အနီရောင်နဲ့ ပုဆိုးအနီရောင်ကို ထုတ်ပေးထားတာကို တွေ့ရသည်။ ကြည့်ရတာ မမငယ် လုပ်ပေးသွားသည် ထင်သည်။

ပိုင်မှူးလဲ မမငယ်ထုတ်ပေးတဲ့ အိင်္ကျီ နဲ့ ပုဆိုးကိုဝတ်ကာအောက်ထပ်သို့ ‌ဆင်းလိုက်သည်။

ကျွန်တော်နမည်က ပိုင်မှူးသစ္စာ UVS(University of veterinary science)မှာတတ်နေတဲ့ first year DVMကျောင်းသားတစ်ယောက်။ကျွန်တော့်အဖေက အငြိမ်းစာယူထားတဲ့ အစိုးရဝန်ထမ်း အမေကတော့ အိမ်ရှင်မတစ်ယောက်ပေါ့ ။ ကျွန်တော့်မှာ အမနှစ်ယောက်ရှိတယ်။ မမကြီးနဲ့ မမငယ် ။ မမကြီးနာမည်က အိမြတ်သစ္စာ UVS ကနေဘဲ ကျောင်းပီးကာ ယခုရှမ်းပြည်ဘက်က မွေးမြူရေးကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်နေသည်။ မမငယ်ကတော့ UVSမှာ Firth year (DVM)တတ်နေသည်။ နမည်က နှင်းနှင်းသစ္စာ။

အမနှစ်ယောက်လုံးက ကျောင်းမှာ queen တြွေဖစ်ခဲ့ကြတော့ သူ့ကိုလဲ လူတိုင်းက king ဟုပင်ပြောကြသည်။ ပြောမှာပေ့ါဒီလောက်ချောတဲ့ စောက်ချောရီးဖစ်နေတာကို။ သူ့မာအပစ်ဆိုလို့ ခုထိစော်မရှိသေးတာပါပဲ။ သူဒီလောက်ချောတာတောင် ဘာလို့ရီးစားမရှိလဲ စဉ်းစားလို့မရ။

System 230Where stories live. Discover now