Arc 1.1(လီရန်ချင်း)

111 6 0
                                    

Unicode

ကူးပြောင်းမှုပြီးစီး

စရောက်ရောက်ချင်း ထိုးကိုက်လာတဲ့ ခေါင်းကြောင့် သစ်သစ်ကို ဆဲလိုက်သည်။

'Fuck ပဲ သစ်သစ် နာမယ်ဆိုကြိုပြောပါလား'

[သစ်သစ်မေ့ သွားလို့ ဟီး ရော့ ဒီမှာဆေး ]

ပိုင်မှူးလဲသူ့ရှေ့ပေါ်လာတဲ့ ဆေးကိုအမြန်သောက်လိုက်မှပဲ သက်သာသွားသည်။ ပိုင်မှူးလဲ‌ေခါင်းကိုက်သက်သာမှ ဘေးပတ်ဝန်းကျင်ကိုကြည့်မိသည်။ပိုင်မှူး သူအခုရောက်နေတာက ဝေါယဉ်လို ပုံစံထဲမှာဖစ်သည်။ သူဝတ်ထားတဲ့ အဝတ်အစားတွေကလဲ တရုတ်ရှေးခေတ်နန်းတွင်းအဝတ်အစားတွေ ဖစ်သည်။

'သစ်သစ် ငါဘယ်ရောက်နေတာလဲ'

[ခနလေးhost သစ်သစ်ဇာတ်ကြောင်း ပြောပြမယ်]

'အင်း ပြော'

[ဇာတ်လမ်းက တရုတ်နန်းတွင်းဇာတ်လမ်း

ဇာတ်လိုက်က ဟန်နိုင်ငံရဲ့ ဘုရင် ဟန်လုကျွင်း၊ တည်ကြည်တယ် ထက်မြက်တယ် တိုင်းပြည်အပေါ်မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့သူဖစ်တယ်။ ဇာတ်လိုက်မက လီနိုင်ငံကဘုရင်ညီမတော် လီမိန်ဟွား ချောတယ်လှတယ် ထက်မြက်တဲ့မင်းသမီးတစ်ပါးဖစ်တယ်။ ဇာတ်လမ်းအစက ဇာတ်လိုက်မ လီမိန်ဟွား ဟန်နိုင်ငံကို ချစ်ကြည်ရေး‌အနေနဲ့ ဆက်သခံရရာမှစသည်။ အစက မချစ်မနှစ်သက်ပဲယူခဲ့ရ‌ေသာ်လည်း နောက်ပိုင်းအနေနီးကာ သံယောဇဉ်တွယ်ပီး ချစ်ကြိုက် သားနှစ်ယောက်မွေးပီး happy ending လေးဖစ်သွားသည်။]

'ဆိုတော့ ငါကဟန်ဘုရင်လား နောက်ဆုံးမင်းသမီးလေးနဲ့ညားမယ့်သူလေ ဟုတ်တယ်မလား သစ်သစ်'

[တန်ရာတန်ရာ မှန်းပါ host ]

'အောင်မယ် ဒါဆိုငါကဘယ်နေရာကလဲပြော'

[ပြောပြမယ် host ကလီမိန်ဟွားရဲ့ အကို လီနိုင်ငံရဲ့မင်းသားတစ်ပါးဖစ်တဲ့ လီရန်ချင်း မင်းသားလည်းဖြစ်သလို သံတမန်အမတ်ဆိုလည်းမမှားဘူး ။ လီရန်ချင်း က သူ့ညီမ လီမိန်ဟွားကို ဟန်နိုင်ငံကိုချစ်ကြည်‌ေရးသံတမန်အ‌ေနနဲ့ ပို့ပေးတဲ့သူ၊၊ဒီဇာတ်လမ်းမှာဗီလိန်မတစ်ယောက်ပါတယ်။ သူက ဟန်နိုင်ငံအိမ်ရှေ့စံနဲ့ စေ့စပ်ထားတဲ့သူ မိန်မေလု ၊ မိန်အမတ်ချုပ်ရဲ့သမီးဖြစ်တယ်။ သူမက အိမ်ရှေ့စံနဲ့ စေ့စပ်ထားပေမယ့် ဟန်ဘုရင်ကိုပဲ ကြိုက်နေတဲ့သူ၊ ဟန်ဘုရင်က လီမိန်ဟွားနဲ့ လက်ထပ်လိုက်တော့ လီမိန်ဟွားကိုအကောက်ကြံပီးသတ်ဖို့လုပ်တယ် ၊ သူမဘယ်လောက်ပဲ လုပ်ကြံပါစေ လီမိန်ဟွားကဘာမှမဖစ်သွားတော့ နောက်ဆုံး လီမိန်ဟွားက သူ့အကို လီရန်ချင်း လီနိုင်ငံ ပြန်တဲ့ချိန်လိုက်ပို့နေတုံး လုပ်ကြံသူငှားပီး လုပ်ကြံခိုင်းခဲ့တယ်။ ဒါပေမယ့် လီမိန်ဟွား ကမသေပဲ လီရန်ချင်းသာသေသွားခဲ့တယ်။ ဟန်ဘုရင်လည်း လုပ်ကြံသူကိုကွပ်မျက်ခဲ့ပေမယ် စေခိုင်းသူကိုရှာမတွေ့ခဲဘူး ။ နောက်ပိုင်း မိန်မေလုလည်း အိမ်ရှေ့စံနဲ့ လက်ထပ်သွားတယ်။]

System 230Where stories live. Discover now