Arc 1.3

85 6 0
                                    

Unicode

ဟန်လုကျွင်းတစ်ယောက် ဒီနေ့ လီနိုင်ငံကချစ်ကြည်ရေး ဆက်သတဲ့ မင်းသမီးကို ကြိုဆိုဖို့ နန်းရင်ပြင်မှာ အိမ်ရှေ့စံ၊ မှူးမတ်များနှင့်အတူစောင်နေသည်။
အစက ကြိုဆိုဖို့ အစီမစဉ်မရှိသော်လည်း မသွားလျှင်နောင်တရမည် ဟူသော မသိစိတ်၏ နှိုးဆော်မှုကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
ဘာလို့ခံစားနေရလဲဆိုတာစဉ်းစားလို့မရခဲ့၊၊
ထိုစဉ် ဝေါယဉ်ပေါ်မှဆင်းလာတဲ့ ဖြူဖြူသေးသေးပေါက်စလေး ယောက်ျားလေးလို ဝတ်ထားပေမယ့်လည်း မိန်းကလေးရှုံးအောင်လှရက်လေသည်။
အနားရောက်လာပြီးအရိုအသေပေးမှ လီနိုင်ငံကမင်းသားမှန်းသိရသည်။ လုကျွင်းလည်း ထခိုင်းလိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ အရမ်းလှတယ်၊ ကိုယ့်ပေါက်စက။

'ဘာလို့ လီနိုင်ငံဘုရင်က ညီကိုမဆက်သဘဲ ညီမကိုဆက်သတာပါလိမ့်'

ပြီးနောက် သူလဲ မင်းသားနဲ့မင်းသမီး ကို အဆောင်ပြင်တုန်းမို့ ဥယာဉ်တော်ထဲမှာ ခေတ္တစောင့်ခိုင်းရသည်။ညီ‌တော်နဲ့ မင်းသမီးက သွားနှင့်မည်ဟုပြောပီး ထွက်သွားကြသည်။
ဘေးက ပေါက်စကတော့ ဘာအတွေးလွန်နေသည်မသိ၊ အော်ခေါ်မှပဲ သတိဝင်တော့ သည်။ ထိုမှပဲသူလဲ ပေါက်စနဲ့ဥယာဉ်တော်ထဲသွားလိုက်သည်။ ဥယာဉ်တော်ထဲရောက်သည်အထိ ဘာစကားမှမပြောဘဲ ဘေးမှသွားနေသော ပေါက်စကိုသူငေးနေမိသည်။ မျက်လုံး၊မျက်ခုံးကအစ ခြေ‌လက်များကဖြူနုပြီး ထိရက်စရာတောင်မရှိ။
ဥယာဉ်တော်ထဲရောက်တော့ ပေါက်စက ညီတော်နဲ့ စကားပြောနေတဲ့သူ့ညီမကိုကြည့်ပြီး နှုတ်ခမ်းဆူလိုက် မျက်နှာမဲ့လိုက်နှင့် အရမ်းချစ်ဖို့ကောင်းတယ်၊ အူယားစရာလေးပါဆို ပေါက်စက။

"ပေါက်စသွားရအောင်လေ ညီတော်တို့ဆီ"

"ဗျာ အော် ဟုတ်ကဲ့"

အခုမှ ကိုယ့်မြင်ပြီး သတိရတဲ့ ပုံလေး ၊ အားးး အူယားလာပြီ ပါစပ်ထဲ ငုံထားပစ်ချင်တယ် ၊ တကယ်ဒီပေါက်စက မပြုံးတတ်တဲ့ ကိုယ်လိုဘုရင်ကိုတောင် အပြုံးမရပ်နိုင်အောင် လုပ်နိုင်တယ်၊ မင်းကိုယ့်ကို အရမ်းပြုစားတယ် ပေါက်စ ။

အနောက်မှာကျန်ခဲ့တဲ့ မှူးမတ်များကတော့ 'ငါတို့ဘုရင်ကပြုံးတတ်တယ်လား ဒီလိုရက်စက်တဲ့ ငါတို့ဘုရင်က ဒီနေ့ အများကြီးပြုံးနေတယ်'ဟု တအံ့တဩတွေးနေကြသည်။

System 230Where stories live. Discover now