Unicode
{ဒီနေရာကစပြီး ပိုင်မှူးကို လီရန်ချင်းလို့သုံးပါတော့မယ်}
လီရန်ချင်း ဝေါယဉ်ပေါ်က ဆင်းပြီး သူ့ညီမဝေါ်ယဉ်ဆီ သွားလိုက်သည်။ ပီးသူ့ညီမနှင့်အတူ မင်းကြီးနဲ့ အိမ်ရှေ့စံကို ဂါဝရပြုလိုက်သည်။
"အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံကို ကျွန်တော်မျိုး လီရန်ချင်းနဲ့ ညီမတော် လီမိန်ဟွားက ဂါဝရပြုပါတယ်"
"ထပါမင်းသားနှင့်မင်းသမီး"
"ကျေးဇူးတင်ပါတယ် မင်းကြီး"
ရန်ချင်းလည်း ထပြီး မင်းကြီးကိုကြည့်လိုက်သည်။ ဇာတ်လိုက်ဆိုတဲ့အတိုင်း အပြစ်ပြောစရာမလိုအောင် ချောမောတည်ကြည်ခန့်ညားသည်။
'အားပါးပါးချောလိုက်တာ ဒါကြောင့်လည်း ဟိုဗီလိန်မ အတင်းကိုလိုချင်နေတာဖြစ်မယ် ပြေပစ်တဲ့နဖူး ဖြောင့်တန်းနေတဲ့ မျက်ခုံး စူးရှတဲ့မျက်လုံးမဟူရာမျက်ဆံလေးနဲ့ မေးရိုးနှစ်ဖက်ကလည်းယောက်ျားဆန်မှုအပြည့်ပဲ'
[ဖြေးဖြေးငမ်းပါ host ]
'ပါးစပ် ပိတ်ထားစမ်း သစ်သစ်'
[ဟွန့်သစ်သစ်က ပြောချင်လို့ပြောနေတာမဟုတ်ဖူး host ငမ်းနေတာ သားရည်တွေတောင်ထွက်နေပီမို့ ပြောနေတာ]
'ဟမ် ဟုလား'
လီရန်ချင်းလည်း ယောင်ယောင်နနဖြင့် ကိုယ်ပါးစပ်ကိုယ် ပြန်စမ်းနေသည်။
"ပေါက်စ ကိုယ်တော်မျက်နှာက အရမ်းကြည့်ကောင်းလို့လား"
"ဟမ် ဟမ် ဘယ် ဘသူက ကြည့် ကြည့်နေလို့လဲ"
သူလည်း ရုတ်တရက်ထွက်လာတဲ့ အသံကြောင့် စကားများပင်ထစ်ကုန်သည်။ ပီးမှမင်းကြီးဆိုတာသတိရပီး ပါးစပ်ကို အမြန်အုပ်ကာ
"တောင်းပန်ပါတယ် မင်းကြီး "
"ရပါတယ်" လို့ပြောပြီး ပြုံးလိုက်တဲ့ မင်းကြီးကြောင့် လီရန်ချင်း တဖန်ပြန်ငေးသွားရသည်။
'အားးးး ဘာလို့ဒီလောက်စွဲဆောင်မှုရှိအောင်ပြုံးရတာလည်း ကြည့်အုံး smile line ရီးနဲ့ ငါလေးတောင် ကွေးချင်လာပြီ'
YOU ARE READING
System 230
Romance'WTF ဇာတ်လိုက်က ငါ့ကိုလာနမ်းတယ် ငါတော့ကွေးပီထင်တယ်' [ဂုဏ်ယူပါတယ် host, host ကွေးသွားပါပြီ] 'WTF ဇာတ်လိုက်က ငါ့ကိုလာနမ်းတယ် ငါတော့ကွေးပီထင်တယ်' [ဂုဏ်ယူပါတယ် host, host ကွေးသွားပါပြီ]