1

287 32 23
                                    

ဖြာကျနေသော နေရောင်ခြည်က ပြတင်းပေါက်မှန်ကတစ်ဆင့် သူ့မျက်နှာတည့်တည့်ထိုးဖောက်လာတာကြောင့် နိုးလာရသည်။ ခေါင်းရင်းကနာရီကိုကြည့်မိတော့ လက်တံက 11ကိုပင်ညွှန်ပြနေတာကိုကြည့်ပြီး ပျင်းရိစွာနဲ့ ရေချိုးခန်းထဲဝင်ကာ bathtub ကိုရေဖြည့်ခဲ့ပြီး သွားတိုက်မျက်နှာသစ်လိုက်သည်။ ပြီးတာနဲ့ အသင့်ရေပြည့်နေတဲ့ bathtub ထဲဝင်ကာ မျက်လုံးတို့ကိုစုံမှိတ်ပြီး သူစဉ်းစားစရာရှိတာများကိုစဉ်းစားနေသည်။

သူ့လက်ထောက်က bathtub ထဲရေတစ်နာရီလောက်စိမ်မိတာနဲ့သူ့ကိုဆူပူနေကြ။ အခုတော့ နားအေးပါးအေးနဲ့ သူ့ပိတ်ရက်လေးမို့ စိတ်ရှိသလောက်တွေးပြီး ရေစိမ်လိုက်ဦးမယ်။ စဉ်းစားစရာတွေဆိုတာ ဒီလိုရေအေးအေးလေးစိမ်ပြီး စဉ်းစားမှ အဖြေထွက်လာတယ်လို့ သူထင်တာပဲ။သူ့နည်းလမ်းပဲ။

∆∆

*အစ်ကို့ကိုရေအကြာကြီးမစိမ်ပါနဲ့လို့ပြောလည်း နားမထောင်ဘူး ကျွန်တော်မရှိတာနဲ့ပဲ လုပ်ချင်သလိုလုပ်နေတာ နောက်တစ်ခါဆို ကျွန်တော်ပါနားရက်လိုက်ယူပြီး အစ်ကို့ကိုလိုက်ပြောနေရမှာလား အခုဆေးသွားဝယ်သောက်ပါ အလုပ်ပြန်လာလို့ ဖျားလာလည်း ဒီပုံနေတဲ့အလုပ်တွေ တစ်ခုမှကူလုပ်မပေးမှာမို့*

စသည့်စသည့်ဆိုတာမျိုးတွေ နားကွဲအောင်နားထောင်ရပြီးနောက် မတတ်သာပဲ အနီးကစတိုးဆိုင်ကို သွားဖို့ပြင်ရသည်။ သောက်နှာခေါင်းကလဲ သူဖုန်းဆက်မှ ထပြီးဟတ်ချိူးနေတာ။ တစ်ခါတစ်လေ သူကကိုယ့်တပည့်လား ဖခင်လားဆိုတာကိုမကွဲဘူး ပတ်ဂျီမင်ဆိုတဲ့ သကောင့်သားလေးက ဆရာကိုဆရာပြန်လုပ်တာအမြဲလိုလို။ လူလေးကချစ်ဖို့ကောင်းသလောက် ပွစိပွစိတအားလုပ်တတ်တဲ့ဟာလေး ပြန်ကာမှ တစ်ခါလောက်ကိုင်ပေါက်ဦးမယ်ဟု စိတ်ရှိလက်ရှိတွေးပြစ်လိုက်သည်။

စတိုးဆိုင်ထဲဝင်တော့ ခေါက်ဆွဲဗူးတွေတွေ့တာနဲ့
ဗိုက်ကအသံပေါင်းစုံမြည်လာတာမို့ ဆိုင်မှာပဲထိုင်စားဖို့တွေးလိုက်သည်။ ခေါက်ဆွဲဗူး‌ယူနေတုန်း မတော်တဆလှမ်းတွေ့လိုက်ရတာ ကောင်လေးတစ်ယောက် ခိုးကြောင်ခိုးဝှက်နဲ့ ခေါက်ဆွဲဗူးတွေကိုအိတ်ထဲကောက်ထည့်နေတာကို။ ဒေါသထောင်းခနဲ ထွက်လာရသည်။ ဆော့ဂျင်ကတစ်ပါးသူပစ္စည်းခိုးတာဝှက်တာမျိုးကိုသိပ်မုန်းပါသည်။

STEP (by step)Where stories live. Discover now