3

150 19 7
                                    

"ဂျင်ဟျောင်းးးးးးးးးးး"

ငိုကြီးချက်မနဲ့ အော်ခေါ်နေသော ဂျီမင်ကြောင့် ဆော့ဂျင်စိတ်လေပါသည်။ အလုပ်တွေမနိုင်လို့ ဂျီမင်မှာ တော်တော်လေးဒုက္ခရောက်နေတာသိပေမယ့်လည်း သူ့နားရက်မှာ တစ်ရက်မှမနားလိုက်ရသလိုပဲ အိမ်ပြောင်းရ ဂျောင်ကုလို့ခေါ်တဲ့ကလေးထိန်းရ ဂျီမင်ပို့ပေးတဲ့ စာတမ်းတွေစစ်ရဖတ်ရနဲ့ နားရတယ်ကိုမရှိလိုက်ပေ။ အဲ့တာကို သင်းလေးကအပူလာကပ်နေတာ အိမ်ရှေ့ထိလာပြီးတော့လေ။

"ဟျောင်းလို့ ဒီအချောလေးကိုသနားတော်မူပါဦးလို့နော်"

ဆော့ဂျင်သက်ပြင်းချလိုက်ကာ ဘေးကဂျောင်ကုကိုကြည့်လိုက်တော့ ခွေးပေါက်လေးက တံခါးပဲဖွင့်ပေးရမလို ဆော့ဂျင်ကိုပဲအခန်းထဲဆွဲခေါ်သွားတော့မလိုနဲ့ ဟိုကြည့်ဒီကြည့်မို့ ဆော့ဂျင်ရယ်မိသွားသည်။

"လာဦး ဒီကို"

ခေါ်လိုက်တော့ ဆိုဖာပေါ်ထိုင်နေတဲ့ ဆော့ဂျင်ဘေးလာထိုင်သည်။ ခေါင်းလေးပွတ်ပေးလိုက်ကာ အခုတလောအနည်းငယ်ဖောင်းဖောင်းလေးဖြစ်လာတဲ့ ပါးလေးကိုဆွဲဖျစ်လိုက်သည်။

"မင်းပဲကောင်းတယ် ခွေးပေါက်လေး မင်းကိုလစာမပေးဘူးကြည့်"

ဆော့ဂျင်မနာလိုစွာ အံကြိတ်ပြောလိုက်တော့ ဂျောင်ကုကရယ်သည်။ ခေါင်းကိုနောက်တစ်ချက်ထပ်ပုတ်လိုက်ကာ တံခါးသွားဖွင့်ပေးဖို့ပြောလိုက်တော့ လှစ်ခနဲ။ တော်တော်လည်းခြေသွက်လက်သွက်ရှိတဲ့ ခွေးပေါက်လေး။

"အာရိုး ဘယ်သူလေးလဲကြည့်နေတာ အကျိုးလေးနဲ့မှ ဟိုသောက်ကလေးလေးကို"

"ဟျောင်းးးးးးးး"

ခန္ဓာကိုယ်ကိုပျော့ခွေဖလက်နေအောင်လုပ်ပြကာ ဆော့ဂျင်ရင်ဘတ်ကို ခေါင်းနဲ့တိုး‌ဝှေ့လာတဲ့ ဂျီမင်ဟာ ချစ်စရာလေးရယ်ပါ။ ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးလိုက်ကာ ဘေးနားမှာထိုင်စေလိုက်သည်။ ပါလာတဲ့ laptop ကို ရှေ့ကစားပွဲခုံပေါ်ချပြီးတာနဲ့ ဂျီမင်ရဲ့ခေါင်းက တောင်ကြည့်မြောက်ကြည့်နဲ့ ဘာရှာနေမှန်းမသိပါ။

"မရှိတော့ဘူးပဲကွ"

"ဘာလဲ ဂျီမင်"

"ဟျောင်း အဝတ်လဲလျှော်ပေးမယ် မီးပူလည်းတိုက်ပေးမယ် ထမင်းဟင်းလည်းချက်ပေးမယ် ခေါက်ဆွဲလည်းပြုတ်ပေးမယ် တံမြက်စည်းလဲလှဲပေးမယ် အဲ့ကောင်လေးလိုမျိုး ကျွန်တော့်ကိုခေါ်ထားပါလား ဒီအလုပ်တွေမလုပ်ချင်တော့ဘူး ဟျောင်းမရှိတော့ ကျော့်ကိုဝိုင်းခိုင်းနေကြတာကြီးလို့"

STEP (by step)Where stories live. Discover now