တတောင်တောင်နဲ့မြည်နေတဲ့ဘဲကြောင့် အိပ်ပျော်နေတဲ့ ဂျောင်ကုနိုးလာပြီး အိပ်ချင်မူးတူးနဲ့တံခါးထဖွင့်ပေးမိတော့ လူကောင်သေးသေးလေးနဲ့လူကသူ့ရှေ့မှာရပ်နေတာ။
"ဟို...ဘယ်သူလဲဟင်"
ဂျောင်ကုမေးနေတုန်းပဲရှိသေးတယ် လက်တွေကိုအချုပ်ခံလိုက်ရပြီး တစ်ပတ်လိမ်ကာ သူ့ကျောနောက်မှာကပ်ထားတာခံလိုက်ရသည်။ ရုတ်တရက်မို့လန့်သွားတာကော လက်ကနာတာကောကြောင့် လွှတ်ပေးဖို့ပြောပေမယ့် ခေါင်းနဲ့သာ အတိုက်ခံလိုက်ရသည်။
"သူခိုးဗျို့ သူခိုး ဂျင်ဟျောင်းရေ သူခိုးဟ အိပ်နေတာလား"
ရှေ့ကစူးကနဲအော်သံကြောင့် ဆော့ဂျင်မှာ မျက်လုံးတောင်မပွင့်သေး ဝရုန်းသုန်းကားပြေးကြည့်လိုက်ပေမယ့်လည်း ဘယ်သူခိုးမှမတွေ့ပဲ ဂျောင်ကုကိုချုပ်ထားတဲ့ဂျီမင်ကိုပဲတွေ့ရသည်။ ဖြတ်ခနဲဆိုသတိရလိုက်တာက
"ဟာဟျောင်း သူခိုးကဒီမှာလေ ဘာလို့လာရိုက်တာလဲ"
"လွှတ် လွှတ်ပါဟ"
အတင်းဆွဲဖြုတ်လိုက်တာကြောင့် ဂျီမင်ချူပ်ထားရာမှလွတ်တော့ ဂျောင်ကုသည်သူ့နောက်ကိုပြေးဝင်လာသည်။ ဂျီမင်ကတော့သူ့ကိုထူးဆန်းသလိုကြည့်နေပြီး တစ်ခုခုပြောချင်နေသလို။
"ငါ့ကိုပြပါဦး လက်နာသွားလား"
"မကြောက်နဲ့ သူလူမှားတာပါ သူကလူကောင်းပါ"
ကြောက်နေပုံရတဲ့ ကောင်လေးကြောင့်ဆော့ဂျင်ချော့ယူရသည်။ ဒီလိုပုံစံကျတော့လည်း စတိုးဆိုင်မှာတွေ့ခဲ့တဲ့ ဂျစ်တစ်တစ်လေးမဟုတ်တော့သလိုပဲ။ ဆော့ဂျင်ဆိုဖာမှာထိုင်ခိုင်းခဲ့တာ ဂျီမင်ကိုအခန်းထဲလိုက်ခဲ့ဖို့ပြောလိုက်သည်။
"ဂျီမင် လော့ချဦး တံခါးကို"
"ဟုတ်ဟျောင်း"
ဂျီမင်ကိုဆယ့်ငါးမိနစ်လောက်ကြာအောင်ရှင်းပြပြီးတော့ သူတော်တော်မောသွားရသည်။ ဂျီမင်ကတော့ နားလည်လားမလည်လားမသိ မျက်လုံးလေးပေကလက်ပေကလက်နဲ့ပင်။ သူ့ကိုစဉ်းစားဖို့လည်းအချိန်ပေးရဦးမယ်။
"ခနလောက်ခေါင်းအေးအောင်လုပ်ပြီးလိုက်ခဲ့ တစ်ခုခုအမှားထပ်လုပ်ရင် ရေနွေးအိုးထဲထည့်ပြုတ်လိုက်မယ်"
YOU ARE READING
STEP (by step)
Romanceငါ့ဆီကိုတဖြေးဖြေးလှမ်းလာခဲ့ပေးပါ ဂျောင်ကု နေရောင်ခြည်တွေဖျာကျပြီး လေနုနုလေးတွေတိုက်ခတ်တဲ့အခါ ငါကမင်းကိုထွေးပွေ့ခွင့်ပေးပါမယ်။