ဆော့ဂျင်အလုပ်ကပြန်လာတဲ့ တစ်လျောက်လုံး နမ်ဂျွန်းရဲ့အမေးကိုပဲ နားထဲဆက်တိုက်ကြားနေမိတာ။ ဒါကဆော့ဂျင်အနေနဲ့သူ့အလုပ်အပေါ်ပထမဆုံး တွေဝေမှု။ သူ့လုပ်ရပ်တွေမှားနေလား။ တစ်ယောက်ယောက်ရဲ့စိတ်ခံစားချက်တွေကိုထိခိုက်စေမလား အစကနေမဆုံးတော့တဲ့အထိတွေးနေရင်း ရပ်လိုက်မိတာက တလောကဝယ်ထားတဲ့သူ့အိမ်လေးရှေ့။ အိမ်တစ်အိမ်မှာကြာကြာနေလေ့မရှိခဲ့တာ သူ့အကျင့်ပေမယ့် အခုအိမ်လေးမှာသူကြာကြာနေဖြစ်နေတာ....
အိမ်ထဲဝင်လာတော့ ဧည့်ခန်းမှာဟိုကလေးအရိပ်အယောင်မတွေ့ရ။ သို့ပေသိ မီးဖိုခန်းကနေတော့ အသံတချို့ကြားနေရသည်။ မီးဖိုခန်းဘက်အသာလေးလျှောက်သွားတာ အပေါက်ဝကို တစောင်းမှီလျက် apron ပန်းရောင်လေးဝတ်ထားတဲ့ဂျောင်ကုကိုကြည့်နေမိသည်။ အတန်ကြာမှသူ့ကိုတွေ့သွားတဲ့ဂျောင်ကုက ခေါင်းလေးစောင်းကာပြုံးပြလာသည်။
"ဘာတွေလုပ်နေတာလဲ ပေါင်မုန့်မီးကင်ပဲလား"
ပိတ်ရက်မှာဆော့ဂျင်သင်ပေးခဲ့တဲ့ ပေါင်မုန့်မီးကင် တစ်နည်းအားဖြင့် ပေါင်မုန့်ကြက်ဥကြော်ကို ဂျောင်ကုမှာအခုဆိုရင်အရသာရှိရှိလေးလုပ်တတ်နေပြီ။ စစလုပ်တုန်းကတော့ မဲမဲလေးပေမယ့်လဲပေါ့လေ။
"အစ်ကိုရေသွားချိုးလေ ကျွန်တော်ပြင်ထားပေးမယ်"
"အိုကေ boy ya"
ဂျောင်ကုခေါင်းလေးကိုပုတ်ကာ ကုတ်အင်္ကျီကိုပုခုံးပေါ်ပြစ်တင်လျက်ထွက်လာခဲ့သည်။
ဆော့ဂျင်ရေချိုးပြီးပြန်ထွက်လာတော့ စားပွဲမှာအသင့်စောင့်နေတဲ့ ဂျောင်ကု။ ဆော့ဂျင်လဲ ဂျောင်ကုနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တော့ ပြုံးပြသည်။
"ဒါကသံပုရာရည်လား"
"ဟုတ်"
"ဘယ်သူသင်ပေးတာ"
"ဂျီမင်"
အစ်ကိုဂျီမင်လို့ခေါ်ပါလို့ ပြောပေမယ့်လဲ ခေါင်းကြောမာတဲ့ဂျောင်ကုဟာဘယ်လိုမှမခေါ် ဂျီမင်ကလဲရတယ်ပြောနေတာမို့ ဆော့ဂျင်လဲဒီတိုင်းထားလိုက်သည်။
"အေးပါကွာ"
စားဖိုမှုးလေးရဲ့လက်ရာကိုမြိန်ရေယှက်ရေစားသောက်ပြီးနောက် ဆော့ဂျင်ရဲ့ဗိုက်သည်ကားသွားရသည်။သိမ်းဆည်းသည့်တာဝန်ကို ဂျောင်ကုကပဲယူကာ သူကတော့ဆိုဖာပေါ်ပက်လက်ကလေးသာအိပ်နေလိုက်သည်။ နမ်ဂျွန်းရဲ့ပြောစကားကို ပြန်အမှတ်ရမိတော့ ဆော့ဂျင်သက်ပြင်းသာချမိသည်။
"မြန်မြန်လုပ်ဆော့ဂျင် မင်းသာအမြန်မလုပ်ရင်အဲ့အမှုကပိတ်သွားမှာ ပြီးတော့ မင်းအိမ်ကကလေး အဲ့ဂေဟာရဲ့ကလေးမလား လုပ်စရာရှိတာမြန်မြန်လုပ် အားလုံးကမင်းအပေါ်မှာ"
သုံးလလုံးလုံးဂျောင်ကုပြောပြလာမလားစောင့်နေခဲ့ပေမယ့် ဂျောင်ကုတစ်ခွန်းမှဟမလာ။ ဆော့ဂျင်လဲမမေးချင်။ တော်ကြာအကြောင်းစုံသိသွားကာမှ ဆော့ဂျင်က သူ့ကိုအသုံးချနေတယ်လို့ထင်သွားမှာလဲစိုးတာကြောင့်ပင်။ တကယ်လဲအသုံးချနေတယ်ဆိုပေမယ့်လဲ အလုံးစုံကအဲ့တာကြောင့်တော့မဟုတ်ပေ။
"အစ်ကိုစိတ်ညစ်နေတာလား"
"မဟုတ်ပါဘူး ပိတ်ရက်ကျမင်းကိုဘာသင်ပေးရမလဲစဉ်းစားနေတာ"
ဆော့ဂျင်ဖြေလိုက်တော့ ဂျောင်ကုကပြုံးပြလာသည်။
"ကင်မ်ချီထမင်းကြော်သင်ပေးရမလား မင်းကြိုက်တယ်လေ"
ခေါင်းတဆတ်ဆတ်ငြိမ့်ကာဖြေသော ဂျောင်ကုခေါင်းလေးကိုပုတ်ပေးလိုက်သည်။ သည်ခွေးပေါက်လေးကို ထပ်ပြီးစိတ်ဒဏ်ရာရအောင်သူမလုပ်ရက်ဘူး။ သုံးလသာရှိသေးပေမယ့် နှစ်သုံးဆယ်လောက်တယုတယပျိုးထားရတဲ့ကလေးလိုထင်နေမိတာ။ puppy eye မျက်ဝန်းလေးတွေကိုသူမျက်ရည်ကျအောင်လုပ်ဖို့ရာမရဲ။ ဒါပေမဲ့တဖက်မှာလဲ ဆော့ဂျင်ဒုက္ခတွေ့နေရသည်။ လေးနှစ်နီးပါးလိုက်ခဲ့တဲ့ အမှုရဲ့တစ်ခုတည်းသောလမ်းစဟာ ဂျောင်ကုသာ။
×
ပြီးသလောက်လေးတင်ပေးတာပါ။ ဇာတ်လမ်းကိုပုံပေါ်အောင်မရေးနိုင်လို့ ကိုယ့်ကိုကိုယ်လဲအားမရဖြစ်ရသလို ဖတ်ပေးတဲ့သူတွေကိုလဲအားနာပါတယ်။
YOU ARE READING
STEP (by step)
Romanceငါ့ဆီကိုတဖြေးဖြေးလှမ်းလာခဲ့ပေးပါ ဂျောင်ကု နေရောင်ခြည်တွေဖျာကျပြီး လေနုနုလေးတွေတိုက်ခတ်တဲ့အခါ ငါကမင်းကိုထွေးပွေ့ခွင့်ပေးပါမယ်။