2.

545 90 16
                                    

ဂျယ်ယွန်းစိတ်ထဲတခြားတော့မဟုတ်။

အိမ်ကိုဒီနေ့မှစရောက်တဲ့ကလေးများ
အိပ်မပျော်ဖြစ်နေမလားဆိုတဲ့အတွေးလေးနဲ့
တိတ်တိတ်လေးသွားချောင်းကြည့်မိတော့
သူစိုးရိမ်နေတာနဲ့တခြားစီ ဘေးတစ်စောင်းကိုမှ
နှုတ်ခမ်းလေးဟပြီး ငါးလေးတစ်ကောင်လို
အိပ်ပျော်နေတဲ့ကောင်လေးကြောင့်
ဂျယ်ယွန်းရယ်သံထွက်သွားတော့မည့် သူ့နှုတ်ခမ်းသူ
လက်ဖဝါးဖြင့်ဖိအုပ်ထားလိုက်ရသည်။

အိပ်လို့မပျော်တာက ဒီအိမ်မှာနှစ်ချီနေလာတဲ့သူပဲဖြစ်မယ်။

အခြေအနေကိုစစ်ဆေးပြီးကိုယ့်အခန်းကိုယ်
ပြန်သွားရမှာဆိုပေမယ့် ဂျယ်ယွန်း
ဆောနူအခန်းနားကနေတစ်လှမ်းမှမခွာမိသေး။

အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ပုံလေးက
သူ့ကိုစိတ်သက်သာရာရစေတယ်။

မိသားစုဝင်တစ်ယောက်လို့ခံစားရတာကြောင့်လား
ဒီအတိုင်းချစ်ဖို့ကောင်းတဲ့အမူအကျင့်တွေကြောင့်ပဲလားတော့မသိ။
ဂျယ်ယွန်းထိုကလေးနားတစ်နေကုန်ကပ်နေချင်တာပဲသိသည်။

ဒီနေ့တစ်နေ့လုံးလည်းဆန်မုန့်လိုလိုက်ကပ်ပြီး
သူကချည်းကလေးကိုပင်ပန်းအောင်လုပ်နေမိတာသိပေမယ့်
သူ့စိတ်ကဆောနူကိုသဘောကျနေတာမို့ခက်တယ်။

ပါးအိအိလေးတွေကိုအချိန်တိုင်းတို့ထိချင်နေပြီး၊
ခေါင်းလုံးလုံးလေးကိုလည်းပွတ်သပ်ပေးနေရတာမျိုး ၊
စတော်ဘယ်ရီနို့နံ့လေးသင်းနေတဲ့ ဆောနူရဲ့ခန္ဓာကိုယ်ကိုလိုက်ထိပြီး
မထိတထိအနံ့ခံရတာမျိုးကိုလည်းသဘောတွေ့နေမိပြန်တယ်။

တစ်ရက်လေးနဲ့လူကိုအနားကမခွာချင်အောင်
အဲ့ကောင်လေးမှာမှော်အစွမ်းတွေများရှိနေသလားမပြောတတ်တော့ပါ။

ကုတင်ဘေးကစားပွဲတင်မီးအိမ်ရဲ့အလင်းရောင်ဖျော့ဖျော့က
ဖြူအုပြီးပန်းနုရောင်သန်းနေတဲ့ဆောနူရဲ့မျက်နှာပေါ်
ကျရောက်နေတာမို့ ဂျယ်ယွန်းထိုမီးကိုပိတ်ပေးသွားရမလားစဥ်းစားမိပြီး နောက်ဆုံးတော့ဆောနူအခန်းထဲတိတ်တိတ်လေး ခြေကိုဖွဖွနင်းပြီးဝင်ခဲ့လိုက်တယ်။

Those Brown Eyes [SUNJAKE]Where stories live. Discover now