3.

972 101 41
                                        

"ဘယ်သွားမလို့လဲ"

ပုံမှန်ကျောင်းပိတ်ရက်ကိုဆောနူက
အပြင်သွားဖို့လွယ်အိတ်လွယ်ထားပြီး
baseball cap ပါဆောင်းထားတာကြောင့်
ဂျယ်ယွန်းအမြန်လှမ်းမေးလိုက်ရတယ်။

စစချင်းကျောင်းအသစ်မှာတက်ရတာမို့
ဆောနူကိုအနိုင်ကျင့်မှာတွေ အဆင်မပြေတာတွေဖြစ်မှာစိုးလို့
သူ့မှာ ဆောနူကျောင်းတက်ကတည်းကနေ
အခုသုံးလလုံးလုံး နောက်ကနေတကောက်ကောက်လိုက်လိုက် ၊
သူ့အတန်းချိန်တွေပြီးတာနဲ့
ဆောနူတို့အထက်တန်းကျောင်းကိုသွားချောင်းလိုက်နဲ့။

အကြိုအပို့တာဝန်တွေအကုန်လုံးလည်း
ဘယ်သူမှမခိုင်းဘဲ သူ့ဟာသူလုပ်ပေးနေတာ။

အစကကျောင်းနဲ့အိမ်ပဲသွားစရာရှိတဲ့ကောင်လေးက
အခုရက်ပိုင်း စာသွားလုပ်မလို့ဆိုတဲ့
ဆင်ခြေနဲ့အိမ်ကနေလစ်လစ်ထွက်နေတာ။
သူလိုက်ချောင်းတော့လည်း တကယ့်ကို
စာကြည့်တိုက်သွားတာမို့ ဘာမှပြောလို့မရ။

စိတ်ထဲကတော့ထင့်နေတယ်။ တခုခုက
မသင်္ကာစရာကောင်းနေပြီး။ တခုခုတော့တခုခုပဲ။

"ရီခီက သူဒီနေ့ဘတ်စကတ်ဘောဆော့တာလာကြည့်ဆိုလို့"

"သြော်.."

ဂျယ်ယွန်းသိတာပေါ့။
အဲ့ရီခီဆိုတဲ့ဂျပန်ကောင်လေးကို။
သူအပိုင်ရထားတဲ့ဆောနူရဲ့ပါးတွေကို
လိုက်လိုက်ဖဲ့လို့တောင် သူဆူထားရတဲ့ကောင်လေး။

အဲ့ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး။
တခါတလေပြောင်သလိုလို နောက်သလိုလိုနဲ့
သူ့ကိုတွေ့ရင် ယောက်ဖလို့ခေါ်လိုက်
ဆောနူငှားပေးလိုက်တဲ့စာအုပ်တွေပြန်လာပေးလို့
သူယူကြည့်မိရင်လည်း စာအုပ်အဖုံးပေါ်မှာဆော့ပင်နဲ့
'နီရှိမူရာ ဆောနူ' ဆိုပြီးရေးရေးပေးလိုက်နဲ့မို့
မပြောင်းမချင်း သူ့မှာဖျက်ဆေးနဲ့ဖျက်ပြီး
ဆောနူစိတ်ကောက်ရင်လည်းခံခဲ့ရတဲ့အဖြစ်တွေ။

အဲ့ဂျပန်ကောင်လေးက တစ်ခုခုတော့တစ်ခုခုပဲ။
ဆောနူကိုချိန်နေတာဆိုရင်တော့ အဟား သူနဲ့ညှိပြီပဲ။

ဘယ်သူကသူ့ရှင်းမ်ဆောနူလေးကို
မျိုးရိုးနာမည်လာပြောင်းချင်နေတာလဲ!။

Those Brown Eyes [SUNJAKE]Where stories live. Discover now