𝔼𝕡-1

131 13 7
                                    

"ဂျီဆောင်း......၀င်ခဲ့မယ်နော်"

"အထဲတောင်ရောက်နေပြီဟာကို........ခွင့်တောင်းနေသေးတယ်နော်"

"နင်ကလဲ ငါ့ဆိုပြောဖို့ပဲ"

"ကဲ......ဘာကိစ္စလဲပြော"

"ဒီညPartyရှိတယ် အကိုချန်း တို့အိမ်မှာ အဲ့တာသွားရအောင်လာခေါ်တာ"

"ငါမသွားချင်ပါဘူး ဟေဂျင်းရာ........."

"ဂျီဆောင်းကလဲ လိုက်ခဲ့ပါဟာ ငါနင့်ကိုဒီလိုပုံစံမြင်နေရတာ စိတ်မချမ်းသာဘူး အရင်ကလိုမျိုး ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ အခုနင့်ကိုကြည့်လိုက်တိုင် အလုပ်မှာပဲအချိန်ကုန်နေတာ နင်ဒီလိုတွေလုပ်နေတာ ဟိုကောင့်ကြောင့်လို့တော့မပြောနဲ့နော်"

"အင်း သူ့ကြောင့်ပဲလေ အဓိက ကသူ့ကြောင့်ငါ အလုပ်ကိုပိုကြိုးစားနေတာ သူကအပျော်အပါးမတ်ရင်မကြိုက်ဘူးလေ"

"ကျစ်........အဲ့ကောင်ကငွေမတ်လို့ ငွေနောက်ကိုလိုက်သွားတာတောင် နင်ခုထိ နင့်ကိုယ်နင်မှားတယ်ပဲထင်နေတာလား"

"သူ့မှာလဲသူ့အကြောင်းပြချက်နဲ့သူရှိမှာပေါ့ဟာ"

"တော်......တော် ငါဒီကိုလာတာ အဲ့ကောင်ကြောင်း‌နားထောင်ဖို့မဟုတ်ဘူး........နင်ဒီညPartyကို လိုက်ကိုလိုက်ရမယ် မဟုတ်ရင် နင့်ကိုသူငယ်ချင်းအဖြစ်မှအပြီးတိုင် စွန့်လွှတ်လိုက်မှာနော်"

"ကဲပါ........အဲ့လိုတော့မလုပ်ပါနဲ့ လိုက်ခဲ့ပါ့မယ်"

"အိုခေ.......ညကျရင်ငါလာခေါ်မယ် အိမ်မှာပြင်ဆင်ပြီးစောင့်နေနော်"

"အင်း......."

**************************************************
"ဟေး ဂျီဆောင်း မင်းကိုအကိုက မလာတော့ဘူးတောင်ထင်ထားတာ"

"အကိုချန်းရဲ့ ပါတီပဲလာရမှာပေါ့"

"အိုးးး မင်းပြောတာကမှန်ပင်မဲ့ အကိုအတွက် ပါတီတော့မဟုတ်ဘူးကွ"

"ဒါဆို ဘယ်သူ့အတွက်တုန်းဗျာ့"

"အကို့ညီ၀မ်းကွဲလေ သူကဩဇီကနေ တစ်နေ့ကပဲပြန်ရောက်တာ သူ့အတွက်......"

"တစ်လက်စထဲ အကိုမင်းကိုအကူညီတစ်ခုတောင်းချင်တယ်"

"ဘာများလဲ အကိုချန်း??"

ՏO,ᗪO YOᑌ ᒪOᐯᗴ ᗰᗴ?Where stories live. Discover now