𝔼𝕡-6

74 11 7
                                    

"ဟင်.......?"

ဂျီဆောင်းရဲ့အသံမှာ အံ့ဩလို့ထွက်ပေါ်လာတဲ့အသံမဟုတ်ပဲ ယုံးဘို့ပြောလိုက်တာကိုမကြား၍ထွက်ပေါ်လာသောအသံသာဖြစ်သည်။အကြောင်းကတော့ ဟန်မြစ်အတွင်းညနေခင်းတိုင်း အပျော်တမ်း‌သီချင်းဆိုတဲ့အဖွဲ့ရဲ့အသံက ဖုံးလွှမ်းသွားချင်းကြောင့်ပင်။

"အာ........ခဏနော် ကိုကို"

ရုတ်တစ်ရက်ထိုင်နေရာကနေ သီချင်းဆိုတဲ့အဖွဲ့ဆီကိုသွားကာ တိုးတိုး တိုးတိုးနဲ့ပြောနေတဲ့ကောင်လေးနောက်ကို ဂျီဆောင်းကြည့်နေမိသည်။ခဏအကြာ သီချင်းဆိုတဲ့အဖွဲ့ထဲက သူကသဘောတကျပြုံးရင် ယုံးဘို့ရဲ့လက်ထဲကို Micကမ်းပေးလိုက်လေသည်။

လက်ထဲကိုမိုက်ရောက်လာတာနဲ့ ယုံးဘို့ကသူရှိရာဘက်ကိုလှည့်လာပြီး ပြုံးပြလာသည်။ထိုနေရာမှာပဲရပ်နေနေတဲ့ကောင်လေးကို မိမိနားမလည်တဲ့အကြည့်နဲ့သာကြည့်နေမိသည်။

"အာ.....အာ.....ဂျီဆောင်းရှီး.....ဟန်ဂျီဆောင်းရှီး!!!"

သူနာမည်ကို Mic နဲ့အော်ကာပြောလာတော့
ဂျီဆောင်း ထိုင်နေရာမှ ရပ်လိုက်မိသည်။ပြီးနောက်ထိုကောင်လေးရှိရာသို့ တစ်ဖြည်းဖြည်းလျှောက်သွားမိသည်။

"ကိုကို ဟန်ဂျီဆောင်းရှီး.......ကိုကိုကတော့
ကျွန်တော့်ကိုသိတာ တစ်ပါတ်ပဲရှိသေးတယ်ဆိုပေ‌မဲ့ ကျွန်တော်ကိုကို့ ကိုသိတာလွန်ခဲ့တဲ့ခြောက်နှစ် ကိုကို အထက်တန်းကျောင်းသား ကျွန်တော်အလယ်တန်းကျောင်းသားဘ၀ထဲက စသိခဲ့တာပါ။ပြီးတော့ အဲ့မှာပဲ ကျွန်တော်ရဲ့ ပထမဆုံးအချစ်ဖြစ်တဲ့ ကိုကို့ ကိုကျွန်တော်ချစ်ခဲ့ပါတယ်။သတ္တိမရှိခဲ့မှုတွေနဲ့ ကိုကို့ရဲ့ရှေ့ကို ပေါ်မလာနိုင်ပဲ ကိုကို့ရဲ့ ခုံပေါ်ကို နေ့တိုင်းရောက်နေတဲ့ Cheese Cake လေးရဲ့တရားခံက ကျွန်တော်ပါပဲကိုကို။ခုချိန်မှာ နောက်ကျကောင်း နောက်ကျနေနိုင်ပေမဲ့ ကျွန်တော် ၀န်ခံချင်တယ် ကိုကို ကျွန်တော် ကိုကို့ ကိုချစ်တယ်။အရင်ကရော အခုထိရောချစ်နေသေးတာမို့ ကျွန်တော့်ကိုပြန်မချစ်နိုင်ဘူးဆိုရင်တောင် မမုန်းပါနဲ့ကိုကို"

သူ့ရဲ့ရှေ့ကိုရောက်နေပြီဖြစ်တဲ့ ကိုကိုကသူ့ရဲ့ကုတ်အိင်္ကျီအိပ်ကပ်ထဲကို လက်ထည့်လို့ သူ့ကိုခပ်တွေတွေနဲ့စိုက်ကြည့်နေလေသည်။
ကိုကို့ ပုံစံကခန့်မှန်းရခတ်သည်။သူ့စကားအဆုံး ဘေးပါတ်၀န်းကျင်ကလူတွေကလဲ ဘာဆက်ဖြစ်မလဲ သိချင်နေပုံရသည်။စိတ်၀င်တစ်စား မျက်လုံးတွေနဲ့သာကြည့်နေလေသည်။ခုချိန်မှာ ကိုကိုဘာတွေးနေမလဲသူမသိပေမဲ့ အငြင်းခံရမှာကိုတော့ ယုံးဘို့ကြောက်ပါသည်။အေးဆက်လာတဲ့ လက်ဖျားတွေက ဘယ်လောက်စိတ်လှုပ်ရှားနေလဲ ကိုကိုသိရင်ကောင်းမှာပဲ။

"အင်း.......ကိုယ်တို့တွဲကြရအောင်ယုံးဘို့"

------------------------------------------------------
------------------------------------------------------

"ဟိတ်ချာတိတ် မင်းအဲ့ကားနောက်မှာဆိုတာ ကိုယ်သိတယ်နော် ထွက်ခဲ့အခု!!!!"

သူ့အသံခပ်မာမာနဲ့အော်လိုက်တော့ ကားအပြာရောင်လေးနောက်ကနေထွက်လာတဲ့ ကောင်လေးကဆူပုတ်ပုတ်နဲ့ပင်။တစ်ကယ်ပါပဲ ထိုကောင်လေးဘာကြောင့် မိမိနောက်လိုက်နေရတာလဲမသိဘူး။

"ချာတိတ် မင်းစာမလုပ်ဘူးလား အမြဲကိုယ့်နောက်ပဲလိုက်နေတာ ကိုယ်မင်းကိုဘာအပြစ်များလုပ်ထားမိလို့လဲ"

"အဲ့လိုတော့လဲမဟုတ်ပါဘူး ကျွန်တော်က ခင်ဗျားကြီးနောက်ကိုဘာလို့လိုက်ရမှာလဲ
ဟွန့် ဒီတိုင်း လမ်း....လမ်းကြုံတာနေမှာပါ"

"ဟူး........."

ဒီချာတိတ်နဲ့သူဆက်ငြင်းနေလို့လဲ ဘာမှထူးခြားလာမှာမဟုတ်‌တာကြောင့်သက်မ တစ်ချက်ချလိုက်ပြီး သူ့ဘက်ကသာ အလျော့ပေးဖို့ဆုံးဖြတ်လိုက်သည်။

"ဒီမယ် ချာတိတ်ဘယ်လိုပဲဖြစ်ဖြစ်ပါ တစ်ခုခုအကူညီလိုတာရှိရင်ကိုယ့်ကိုပြောပေါ့ ကိုယ်သွားတော့မယ်"

ပြောပြီးတာနဲ့ ကာပေါ်တက်ကာမောင်းသွားတဲ့လူကြီးကို ကိုကြည့်ရင် မင်ဟိုနှုတ်ခမ်းဆူကာ ခြေထောက်ကိုခပ်ဖွဖွ ဆောင့်လိုက်လေသည်။ထိုလူကြီးက 'အ' တာပဲလားမသိ
အီမင်ဟိုဆိုတဲ့ ဒီကအချောလေးက သူ့ကိုကြိုက်နေတာကို။ရည်းစားဖြစ်သွားမှ စိတ်ရှိလက်ရှိဆောင့်ဆွဲပစ်ဦးမယ် ဆံပင်ကိုပြောပါတယ်။ခုတော့ သူ့မှာ လိုက်ချောင်းတာ လူမိတဲ့အပြင် အငြိုငြင်ကလဲ ခံလိုက်ရသေးတယ်။နောက်လဆို ကျောင်းတွေပြန်ဖွင့်လို့ သူ့မျက်နှာလေးမြင်ဖို့ခတ်ပါတယ်ဆိုကာမှ ဒီလူကြီးကို သူဘယ်လိုလိုက်ရပါ့မလဲ။

"အာ.......ဆောချန်းဘင်း ဟုတ်တယ်သူ့ဆီကအကူညီတောင်းရမယ်"

နောက်ဆုံးကြံရာမရတဲ့ အဆုံးသူ့ရဲ့ သူငယ်ချင်းအောင်သွယ်တော်ကြီး
ဆောချန်းဘင်းဆီကိုသာ အကူညီတောင်းရမည်ဖြစ်သည်။
------------------------------------------------------
------------------------------------------------------

ՏO,ᗪO YOᑌ ᒪOᐯᗴ ᗰᗴ?Where stories live. Discover now