𝔼𝕡-5

74 12 2
                                    

"ကိုကို......ဟိုဟာစီးရအောင်!!!"

"ကိုကို.....ဒါလေးကစားလို့ကောင်းမဲ့ပုံပဲ"

"ဝါးးး လှလိုက်တာ ဓာတ်ပုံရိုတ်ပေးကိုကို......"

"ဟူး.......မောလိုက်တာ......."

ကစားကွင်းကိုရောက်လာထဲက တစ်ခုပြီးတစ်ခုဆော့လိုက် စားလိုက်နဲ့ ရှုခင်းလှတဲ့နေရာလေးတွေရောက်ရင် ဓာတ်ပုံရိုတ်ခိုင်းလိုက်နဲ့ ယုံးဘို့တစ်ယောက်အလွန်ပျော်နေပုံရတယ်။ဂျီဆောင်းကလဲ မငြီးမငြူနဲ့ ယုံးဘို့ကတစ်ခွန်းဆိုတစ်ခွန်းပဲ အကုန်လိုက်လုပ်ပေး‌လေသည်။

"ကဲ.....ကျေနပ်ရဲ့လားယုံးဘို့"

"ဟီးးး ကိုကို.......ကျွန်တော်တို့နောက်တစ်နေရာထပ်သွားကြမလား"

"ဟော......ခုမှမင်းထိုင်ခုံနဲ့ ဖင်နဲ့ကပ်ရုံရှိသေးတာနော်"

"ကိုကိုကလဲဗျာ........"

သူ့ကိုရုပ်တည်နဲ့ပြောလိုက်တော့ နှုတ်ခမ်းလေးဆူကာသူ့ကိုပြောလာတဲ့ရှေ့ကအဖြူလုံးလေးကိုကြည့်ပြီး သဘောတစ်ကျ‌ပြုံးလိုက်တော့သူ့ကိုငေးကြည့်လာတဲ့ကောင်လေးရဲ့ မျက်၀န်းတွေက ကြင်နာမှုအပြည့်နဲ့ပင်။

"အဟမ်း.........ဘယ်.......ဘယ်ကိုသွားချင်တာလဲ"

"ရုပ်ရှင်သွားကြည့်ကြမလားလို့လေ သရဲကားအသစ်ရုံတင်နေတာ ကိုကိုသရဲကားကြည့်ရတာကြိုက်တယ်မလား"

"ယုံးဘို့က ဘယ်လိုသိတာ?"

"အာ........အကိုချန်းပြောတာကြားဖူးလို့ပါ ထားပါသွားကြည့်ကြမယ်နော် ကိုကို.....လာ....လာ"

သူ့ရဲ့လက်ကို လက်သေးသေးလေး၂ဖက်နဲ့ဆွဲခေါ်သွားတဲ့ကောင်လေးကြောင့် မိမိမှာ ဘာစကားမှမဆိုမိပဲလိုက်သွားမိသည်။တစ်ကယ်ပါ ထိုကောင်လေးက ၃နှစ်တာအပြုံးအရယ်နည်းတဲ့သူ့ကို ခဏခဏ ပြုံးရယ်အောင်လုပ်နိုင်စွမ်းရှိတာပင်။

ရုပ်ရှင်ရုံထဲရောက်တော့ သူတို့ထိုင်တဲ့ခုံကထောင့်ဆုံးနားဖြစ်တဲ့အပြင် အဲယားကွန်းနဲ့နီးနေတာကြောင့် ဘောင်းဘီတို၀တ်ထားတဲ့ကောင်လေးက ချမ်းလို့ထင်ပါ့ ခန္ဓာကိုယ်လေးက ခပ်ကျုံကျုံနဲ့ပင်။ဒါနဲ့သူ့ရဲ့ အပေါ်ထပ်ကုတ်အိင်္ကျီကိုချွတ်ကာ ထိုကောင်လေးရဲ့ ပေါင်ပေါ်ကိုလွှားပေးလိုက်တော့ သူ့ကိုမော့ကြည့်လာတဲ့ ‌ကောင်လေးကြောင့် မျက်နှာနှစ်ခုကနီးကပ်စွာ။

ՏO,ᗪO YOᑌ ᒪOᐯᗴ ᗰᗴ?Where stories live. Discover now