𝔼𝕡-4

76 10 12
                                    

သူ့ကိုပြုံးပြကာကမ်းပေးလာတဲ့လက်ကို
ဘန်ချန်း ခပ်တွေတွေလေးကြည့်နေမိတယ်။နောက်မှအသိ၀င်ကာမှ လက်ပြန်ကမ်းကာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော့နာမည်က ဘန်ချန်းပါ"

"ဟုတ်ကဲ့ ဟျွန်းကိုခင်သလို ကျွန်တော့်ကိုလဲခင်နိုင်ပါတယ်"

'ဟျွန်းကိုခင်သလို' လို့ပြောတဲ့နေရာမှာ အသံကိုအနည်းငယ်ဖိပြောလိုက်တာမို့ ဘန်ချန်းသဘောပေါက်လိုက်ပါတယ်။

"ဟုတ်ကဲ့ပါ ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဦး လုပ်စရာလေးရှိသေးလို့........အကိုသွားပြီ
ဟျွန်းဂျင်"

"ဟုတ်ကဲ့အကို ကောင်းကောင်းသွားပါ"

ဘန်ချန်းနှုတ်ဆက်ပြီးတော့သာ ထွက်လာခဲ့လိုက်တယ်။ကြာကြာနေရင်သူ ပြိုလဲမိတော့မယ်လေ။ခုတော့ ခုတော့ပြီးသွားပါပြီ တော်၀င်ပန်းကလေးက သူ့ရဲ့ပိုင်ရှင်ကိုတွေ့သွားခဲ့ပြီပဲ မျက်ရည်တွေရစ်သီနေတဲ့ မျက်၀န်းတွေနဲ့ အနောက်ကိုပြန်လှည့်ကြည့်မိတော့ အတောက်ပဆုံးနဲ့ အဖြူစင်ဆုံးအပြုံးနဲ့ ရယ်မောနေတဲ့ ကောင်ငယ်လေးနဲ့သူ့ရဲ့ပိုင်ရှင်။အင်း.......ဒီလောက်ဆိုကျေနပ်ပါတယ်လေ ကောင်ငယ်လေးကိုပျော်ရွှင်အောင်ထားနေတာပဲ သူကျေနပ်ပါတယ်လေ။အဲ့လိုပဲအမြဲပြုံးနေရမယ်နော် မင်းကအဲ့လိုအပြုံးလေးတွေနဲ့ပဲလိုက်တာ...............

"ဟေ့.......အရှေ့ကလူ!!!!ဟေ့လူ ဖယ်!!!! ဖယ်လို့.....အင့်......"

"အ့......"

အငေးကောင်းနေတုန်း အော်သံကြားတာကြောင့် သူလှည့်ကြည့်မိတော့ စကိတ်ဖိနပ်၀တ်ထားတဲ့ ကောင်လေးတစ်ယောက်က သူ့ဆီကိုအရှိန်နဲ့လာနေတာကြောင့်ရုတ်တစ်ရက်လူက လန့်ပြီးမရှောင်မိတာကြောင့် ထိုကောင်လေးကမိမိ တိုက်ပြီးနှစ်ယောက်လုံးအရှိန်နဲ့ ပြုတ်ကျသွားလေသည်။

"အား.......နာလိုက်တာ........အဟင့် သွေးထွက်သွားပြီ"

"ဟေး.....ချာတိတ် အဆင်ပြေရဲ့လား"

"အီးဟီး အဆင်ပြေတဲ့ပုံပေါက်နေလို့လား......
အဲ့တာ ဟင့် ခင်ဗျားကြီးကြောင့်......ဖယ်ပါဆို လာရပ်ကြည့်နေတာ အူးဝါးးးး"

ՏO,ᗪO YOᑌ ᒪOᐯᗴ ᗰᗴ?Where stories live. Discover now