မျက်နှာပေါ်ကိုကျရောက်လာတဲ့နေရောင်နဲ့အတူဂျီဆောင်းရဲ့မျက်လုံးတွေပွင့်လာတာနဲ့ မိမိအခန်းမဟုတ်တာကိုသိလိုက်တာနဲ့ တစ်ပြိုင်ထဲ ထထိုင်လိုက်မိသည်။သူမနေ့က အကိုချန်းရဲ့ပါတီမှာသောက်ခဲ့တာထိပဲသူမှတ်မိသည်။စဉ်းစားနေတုန်း အခန်းတံခါးဖွင့်ပြီး၀င်လာသူက အကိုချန်းရဲ့ညီယုံးဘို့ပင်။
"နိုးပြီလာကိုကို.......မနေ့က အကိုချန်းတို့ကလဲတော်တော်မူးနေတာနဲ့ ကိုကို အိမ်မသိတာ
ကျတော့်အခန်းကိုပဲခေါ်လာလိုက်တာ""အွန်း.......ကျေးဇူးပဲ.......ဒါဆို ကိုယ်အိမ်ပြန်တော့မယ် မပြန်ခင်ရေချိုးခန်းခဏသုံးလို့ရမလား"
"အင်း......ရတယ်လေ"
"ဟို.......ဒါနဲ့လေ ကိုကို......."
"အင်း........."
"အာ.....ကျတော်ဘယ်နေ့အလုပ်စဆင်းရမလဲမေးမလို့ပါ"
"မင်းနားနားနေနေ နေချင်သေးတယ်ဆိုရင် နောက်တစ်ပါတ်လောက်မှစဆင်းလေ ခုမှပြန်ရောက်ခါစပဲရှိသေးတာဆိုတော့........"
"မနက်ဖြန် စဆင်းလို့မရဘူးလား"
"မင်းအဆင်ပြေမယ်ဆိုရင်တော့ဆင်းလေ ကိုယ်ကမင်းပင်ပန်းနေမယ်ထင်လို့ "
"ဟီး........ဟုတ် ဟုတ် မနတ်ဖြန်စဆင်းမယ်နော်"
သူ့ကိုအဖြူစင်ဆုံးပြုံးပြလာတဲ့ကောင်လေးကိုကြည့်ရင်း ကလေးငယ်ကို ထပ်မံမြင်ယောင်လာပြန်သည်။ဒီကောင်လေးက ကလေးငယ်နဲ့အလွန်ကိုတူလွန်းသည်။ပြောဆိုပုံ အကျင့်စရိုတ်တွေက အတော့်ကိုတူလွန်းသည်။ဒီတိုင်းသာဆက်သွားရင်တော့ ခတ်ရချည်ရဲ့ ဟန်ဂျီဆောင်းရယ်...................
☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎☘︎
"ကဲ့ပြောပါဦး ဘယ်ကနေဘယ်လိုစိတ်ကူးပေါက်ပြီး ကျတော့်သင်တန်းကိုရောက်လာတာလဲ"
"ဘာလို့လဲ ဟျွန်းဂျင်ရဲ့ အကိုလာတာကိုမကြိုက်လို့လား"
"ကျတော်မပြောမိပါဘူးနော် အကိုချန်းက မပြောမဆိုနဲ့ရောက်ချလာတာကိုလို့"
ဟျွန်းဂျင်က သူ့အဖေရဲ့လုပ်ငန်းကိုလုံး၀စိတ်မ၀င်စားတာကြောင့် သူ့ဝါသနာပါတဲ့ပန်းချီသင်တန်းဖွင့်ထားခြင်းဖြစ်သည်။ဟျွန်းဂျင်က အေးအေးဆေးဆေး နူးနူးညံညံလေးတွေကိုသဘောကျသည်။သူကိုယ်တိုင်ကလဲ အေးဆေးနေတက်သူဖြစ်ပြီး ပြဿနာတွေနဲ့ကြုံလာရင်လဲ အေးဆေးစွာဖြေရှင်းတက်သည်။သို့ပေမဲ့ ညီမဖြစ်သူဟေဂျင်းကတော့ ဟျွန်းဂျင်နဲ့ လုံး၀ဆန့်ကျင်ဘက်ပင်ဖြစ်သည်။အခု အဖေ့ရဲ့ လုပ်ငန်းကိုလဲ
ဟေဂျင်းကသာဦးစီးနေပြီး ဒေါသကြီးတဲ့သူလဲဖြစ်ကာ သူကြောက်တာဆိုတာမရှိသလောက်ပင်။"အကိုက ဟျွန်းဂျင်နဲ့ညစာစားရအောင်လာခေါ်တာ အားတယ်မလား သွားကြမယ်လေ"
"အာ.....ကျတော်မအားဘူး အကိုချန်းရဲ့ ချိန်းထားတာရှိတယ် အဲ့တာကြောင့် ညနေပိုင်းကျတော့်အချိန်တွေမှာသင်ပေးဖို့ ဆရာမဂျီကိုတောင်အကူညီတောင်းထားတာ"
"ဟုတ်လား..........အကိုက ဟျွန်းဂျင်အားမယ်ထင်တာ"
"တောင်းပန်ပါတယ်နော်အကို........"
"ရပါတယ် ဟျွန်းဂျင်ရယ်အချင်းချင်းပဲကို အဲ့လောက်ကြီးမလိုပါဘူး"
"ဒါဆို အကိုပြန်တော့မယ်နော် ဂရုစိုက်သွားနော် ဟျွန်းဂျင်........ဒါမှမဟုတ် အကိုလိုက်ပို့ရမလား"
"ရပါတယ် အကိုချန်း လာခေါ်မှာမို့လို့ပါ"
"ဟုတ်ပါပြီ အကိုသွားပြီနော် ဟျွန်းဂျင် တစ်ခုခုဆို ဖုန်းဆက်လိုက်"
"ဟုတ်ကဲ့ပါ အကိုချန်း ......အကိုလဲ ဂရုစိုက်ပြန်ဦးနော်"
"ဟုတ်ပါပြီ........."
ဘန်ချန်းတစ်ယောက် ဟျွန်းဂျင်ကိုနှုတ်ဆက်ပြီးတာနဲ့ သင်တန်းရှေ့က ကော်ဖီဆိုင်မှာ ယုံးဘို့အတွက် ကိတ်၀င်၀ယ်လိုက်သည်။၀ယ်ပြီးဆိုင်ပြင်ကိုထွက်လာတဲ့အချိန် တစ်ဖက်ကားလမ်းက ဟျွန်းဂျင်တစ်ယောက် သင်တန်းထဲမှာအပြေးလေးထွက်လာပြီး ကားတစ်စီးနားရောက်တော့ ခြေလှမ်းတွေရပ်တန့်လိုက်သည်။
ကားထဲကဆင်းလာတဲ့လူတစ်ယောက်က ဟျွန်းဂျင်ကိုသိုင်းဖတ်လိုက်ပြီးနောက် ဟျွန်းဂျင်ရဲ့ နှုတ်ခမ်းထူထူလေးကို တစ်ချက်နမ်းလိုက်လေသည်။ဟျွန်းဂျင်ကလဲ သဘောကျနှစ်ခြိုက်စွာပြုံးပြပြီးခဏ ကားပေါ်သို့တက်ကာ ထိုကားလေးမြင်ကွင်းကပျောက်သည်အထိ ဘန်ချန်းကြည့်နေမိသည်။
အောင့်တက်လာတဲ့ ရင်ဘက်နဲ့အတူ အသက်ရှူမ၀ဖြစ်လာတဲ့ခံစားချက်ကြီးကိုသူမုန်းပါသည်။အမြတ်တနိုးနဲ့ အရိပ်တစ်ကြည့်ကြည့် ကြည့်နေခဲ့ရတဲ့ ကိုယ်တိုင်မခူးရဲတဲ့ ပန်းလေးက အခုသူများအပိုင်ဖြစ်နေပြီတဲ့လား။ရင်ဘက်ထဲကနာကျင်ခြင်းနဲ့အတူ ဝေဝါးလာတဲ့မျက်၀န်းထက်က မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။
*အမြင်တစ်ခုထဲနဲ့ မဆုံးဖြတ်နဲ့ ဘန်ချန်း စိတ်ထိန်း..........*
သိသာလွန်းနေတဲ့ မြင်ကွင်းကြိမြင်ပြီးတာတောင် အရူးတစ်ယောက်လိုလက်မခံနိုင်သေးပဲ မိမိကိုယ်ကိုယ် စိတ်လျော့ရန် လေပူများကိုသာ မှုတ်ထုပ်နေမိသည်။
🐿️🐥
☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎☕︎ဟွမ်ဟျွန်းဂျင်နဲ့ နမ်းတာ ဘယ်သူလဲ 😔🙌🏻
YOU ARE READING
ՏO,ᗪO YOᑌ ᒪOᐯᗴ ᗰᗴ?
Fanfiction-မင်းသိလား ငါကမင်းကို အမေရိကာနိုထက်ပိုစွဲလမ်း တယ်ဆိုတာကို