Chapter 85

1.9K 191 0
                                    

Unicode

ဘယ်လောက်တောင် ရွဲ့ချင်စရာကြီးလဲ။

လင်ချန်အန်းက ပြုံးပြီး ဘေးနားကကုမျန်ကို လှမ်းကြည့်လိုက်တယ်။ "မိန်းကလေးကု ၊ ကျွန်တော် မင်းရဲ့နာမည်ကို ကြားဖူးနေတာကြာပြီ၊ ဒါပေမယ့် ဒီနေ့မှာ မင်းနဲ့တွေ့ဖို့ အခွင့်အရေးရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

ကုမျန်ရဲ့အထောက်အထားကို မထုတ်ဖော်ခင်က  သူမကို တစ်စုံတစ်ယောက်က ဂရုစိုက်ပေးထားတယ်လို့ လင်ချန်အန်းလည်းထင်ခဲ့တယ်။ ဖော်ထုတ်ထားတဲ့ ဓာတ်ပုံတွေထဲက လူအိုကြီးက အသက်အနည်းငယ် ကြီးနေပေမယ့်လည်း ချောမောခန့်ညားနေဆဲဖြစ်ပြီး ထက်မြက်တဲ့စိတ်နေစိတ်ထားရှိတယ်။ နယ်ပယ်ထဲက မိန်းကလေးတော်တော်များများက ဒီလိုယောက်ျားမျိုးနဲ့ ချိတ်ဆက်မိဖို့ စိတ်အားထက်သန်တတ်ကြတယ်လေ။

ကုမျန်ရဲ့အထောက်အထားကို ဖော်ထုတ်ပြီးနောက်မှာတော့ လင်ချန်အန်းအံ့အားသင့်သွားမိတယ်။

မမျှော်လင့်ဘဲ သူမက ထိုလူရဲ့တစ်ဦးတည်းသော သမီးဖြစ်‌နေတယ်။

ပထမတော့ သူမကိုမြင်လိုက်ရလို့ အရမ်းပျော်ရွှင်သွား‌ပေမယ့်လည်း သူမနဲ့ လော့ချယ် နီးနီးကပ်ကပ် လမ်းလျှောက်နေတာကို မြင်တွေ့ပြီးနောက်တော့ နက်ရှိုင်းတဲ့ အလင်းတန်းတစ်ခုက သူ့မျက်၀န်းထဲ လက်ခနဲဖြတ်သွားတော့တယ်။

သူက နူးညံ့သိမ်မွေ့တဲ့အပြုံးတပွင့်နဲ့ သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။"မိန်းကလေးကု မင်္ဂလာပါ၊ ကျွန်တော်က လင်ချန်အန်းပါ"

လင်ချန်အန်းလား ?

ဘာထင်မြင်ချက်မှမရှိဘူး။

ဒီနာမည်က "I'm So Popular" မှာ ပေါ်လာခဲ့ပုံမရဘူး။ သူက အမြောက်စာလောက်တောင် တန်ဖိုးမရှိတဲ့ ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ရမယ်။

ကုမျန် လင်ချန်အန်းကို ခေါင်းညိတ်ပြလိုက်တယ်။ သူမ တုံ့ပြန်ပြီးသွားတာနဲ့ လော့ချယ်က "ရှိုးက စပြီးရိုက်ကူးနေပြီ"

အမှန်တကယ်ပင် ထိုအချိန်မှာပဲ ဒါရိုက်တာရော တင်ဆက်သူကပါ ဝင်လာခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now