Part 1(ပြန်လည်ရှင်သန်လာခြင်း)

37 4 1
                                    

ကောင်းကင်ကြီးမှာမှောင်မဲလျက် ကြယ်များလများ၏အလင်းရောင်ကိုပင် မတွေ့ရချေ ။မြင်ရသောလတစ်စင်းမှာလည်း သွေးရောင်သန်းလျက်။တစ်ခုခုကိုဖိတ်ခေါ်နေသကဲ့သို့ပင်။မိုးကြိုးများပစ်ရန်အားယူနေကြသော တိမ်တိုက်များမှာ ထိုမြို့အပေါ်တွင်ပျံဝဲလျက်။ကောင်းကင်ပေါ်တွင် လျှပ်စီးကြောင်းများကို စတင်မြင်ရသည်။ယင်းနောက်မှမိုးကြိုးသံ လိုက်လာသည်။လျှပ်စီးကြောင်းများမှာမြေပြင်သို့ရိုက်ခတ်လေပြီ။

မိုးကြိုးတစ်ချက်မှာမြေပြင်ပေါ်သို့မကျရောက်ဘဲ ရှေးဟောင်းအိမ်ကြီးတစ်အိမ်၏ခေါင်မိုးပေါ်တွင်ကျရောက်သွားသည်။ ထိုအိမ်ပေါ်တွင်မိုးကြိုးလွဲများရှိမနေ။အိမ်ကြီးမှာ နှစ်၁၀၀လောက် သက်တမ်းရှိပြီဟုထင်ရသည်။ထိုလျှပ်စီးကြောင်းမှာ ခေါင်မိုးကနေ ဆင်းသက်လာပြီး ထိုအိမ်၏အခန်းတစ်ခန်းထဲရှိအရာဝတ္ထုတစ်ခုပေါ်တွင် စုဆုံသွားသည်။ထိုအရာဝတ္ထု ထဲရှိအရာမှာ နိုးထလာခဲ့သည်။ထိုအရာမှာ နှစ်ပေါင်း၁၀၀၀လောက်အိပ်နေခဲ့ပြီးပုံပေါ်၏။လျှပ်စီးတစ်ချက်မှာ ကောင်းကင်တစ်ခုလုံးကို လင်းလက်စေခဲ့သည်။ထိုအခန်းအသေးလေးမှာလည်း တစ်ခန်းလုံးတစ်ခဏမျှလင်းသွားသည်။ ထိုအရာဝတ္ထု ဆိုသောအရာမှာ ပို၍ထင်ရှားစွာမြင်လိုက်ရသည်။

ခေါင်းတလားတစ်ခုပင်။သစ်သားနှငြ့်ပုလုပ်ထားသော အခေါင်းတလားတစ်ခု ပွင့်နေခဲ့သည်။ထိုအထဲတွင် အနောက်တိုင်းဝတ်စုံခဲရောင်ဖျော့လေး ဝတ်ထားသော လူနှင့်တူသောအရာတစ်ခုရှိနေခဲ့သည်။ထိုအရာမှာ မတ်တပ်ပင်ရပ်နေပါသေး၏။ခေါင်းတလားအဖုံးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလျက်။

Donquixote Familyတစ်ခုလုံး ဖမ်းဆီးခံလိုက်ရပြီးနောက်နေ့ဖြစ်သည်။ရဲစခန်းအရာရှိတစ်ဦးမှာ ထိုအိမ်ထဲတွင်အဖမ်းခံထားရသော လူအားလုံးကိုလွှတ်ပေးလိုက်ပြီးဖြစ်သည်။သူသည် အိမ်ထဲတွင်ကျန်ခဲ့သော ခေါင်းတလားကိုမြှုပ်ပေးရန်လာ ခြင်းဖြစ်သည်။သို့သော် ထိုခေါင်းတလားထဲရှိအရာမှာ အသက်ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။

''ခင်ဗျားက အသက်ရှိတာလား''

ထိုလူမှာ သူ့ကိုသာစိုက်ကြည့်နေပြီးပြန်မဖြေချေ။လျှပ်စီးနှင့်မိုးကြိုးများမှာလည်း သောင်းကျန်းနေပြီး သူ့ကိုပိုကြောက်စေခဲ့သည်။သို့သော် ထိုအရာရှိ၏ အကောင်းမြင်တတ်သောစိတ်မှာကား ချီးကျူးစရာပင်။

My Destiny of Reviving Where stories live. Discover now