နေမကောင်းသောကြောင့် အတွေးများအားလုံးမှာ အနုတ်ဘက်ကိုပဲ သွားနေသောကြောင့် Lawသည် စိတ်အားငယ်လာပြီး မိမိကိုယ်ကို အပြစ်တင်ပါတော့သည်။ သူသာ စောစော ထုတ်ပြောခဲ့ပါက ထိုအကောင်ပေါက်သည် နာကျင်ရလိမ့်မည် မဟုတ်ဟုတွေးမိကာ ဝမ်းနည်းလာသည်။
Luffyသည် သူ့စိတ်ကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ကုတင်ဘေးမှာ ထိုင်နေရာမှ ကုပ်ကုပ်လေးထိုင်နေသော သူ့အနားကို ချက်ချင်းရောက်လာကာ
''ဘာလို့ ဝမ်းနည်းနေရတာလဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလား''
ဤလောကကြီးတွင် Lawကို ဝမ်းနည်းစေသည့်အရာမရှိပေ။ Lawကိုယ်တိုင်သာလျှင် Lawကို ဝမ်းနည်းအောင်လုပ်လိမ့်မည်ကို Luffyသိပါသည်။ Luffy၏ လက်တစ်ဖက်သည် Law၏ကျောကို ဖွဖွလေးပုတ်ရန် ရောက်သွားသည်နှင့် မျက်ရည်များ လိမ့်ဆင်းလာပါတော့သည်။ Luffyသည် ကြံရာမရဖြစ်သွားတော့သည်။ Law၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး Law၏ ပါးလေးကို နူးညံ့စွာ ကိုင်လိုက်သည်။
''ဘာလို့ ငိုရတာလဲ။ မငိုပါနဲ့လားဗျာ''
''ငါမှားသွားတာ မင်းကို နာကျင်စေမိတယ်''
Luffyသည် အတောက်ပဆုံးပြုံးလိုက်ကာ
''ကျွန်တော့်အတွေးကပဲ ကျွန်တော့်ကိုနာကျင်စေတာပါ။ ခင်ဗျားကတော့ ကျွန်တော့်ကို ပျော်စေတယ်လေ။ ထပ်ပျော်စေချင်သေးရင် ကျွန်တော့်ကို ချစ်တယ်လို့ ပြောပေးပါလား''Lawသည် ပြောရန် တွန့်ဆုတ်နေလေသည်။
''ခင်ဗျား အဆင်မပြေရင် သွယ်ဝိုက်တဲ့နည်းနဲ့ ပြောလို့ရပါတယ်''''မင်းက ငါ့ဘဝအတွက် အရေးပါတဲ့ ဖြစ်တည်မှုတစ်ခုပါ။ ငါ...မင်းကို...ချစ်...တယ် Luffy''
မျက်လုံးနှစ်လုံးစလုံးမှိတ်ကာ တစ်လုံးချင်းရေရွတ်နေသော Lawမှာ ချစ်စရာကောင်းလှသည်။ Luffyသည်လည်း ယနေ့တစ်ရက်တည်း ရမည့် အခွင့်အရေးဖြစ်သောကြောင့် Lawကို သိချင်သော မေးခွန်းများကို မေးလျက်ရှိသည်။
Lawက သူ့ကို သူ့အပြုံးကြောင့် သဘောကျခဲ့သည်ဟု ဆိုပြီး သူ၏စိတ်ထားကြောင့် Lawသည် သူ့ကို ချစ်မိသွားသည်ဟုလည်း Luffyသိလိုက်ရသည်။ ထပ်မေးကြည့်ရာ Chopperနှင့် Zoroမှာ Lawသူ့ကို သဘောကျကြောင်းကို သိကြသည်ဟု ပြောလာသည်။ Luffyသည် Lawက သူနဲ့ထပ်တူခံစားရကြောင်း ပြောလာတည်းက အတွေးမများတော့ချေ။ သူ့စိတ်မှာ ငြိမ်သွားပြီဖြစ်သည်။ သို့သော်Lawသည်ကား
YOU ARE READING
My Destiny of Reviving
Cerita Pendekဆန်းကြယ်မှုတွေ ၊ သဘာဝလွန်ဖြစ်ရပ်တွေ နှင့်အတူ ပြန်လည်ရှင်သန်လာသောသူ၏ ကံကြမ္မာမှာ နူးညံ့မှုများရှိနိုင်ပါမည်လား။ သူ့ကိုကော လောကကြီးက လက်ခံပါမည်လော။ အစမ်းသပ်ခံပစ္စည်းတစ်ခုကဲ့သို့ ထူးဆန်းသော အရာတစ်ခုကဲ့သို့ပဲ မြင်ကြမည်လော။ သူ့ကို ပုံမှန်လူတစ်ဦးကဲ့သို့ မ...