Part 5 (မိမိကိုယ်ကို ဝန်ခံခြင်းနှင့် ဖွင့်ပြောခြင်း)

7 3 0
                                    

ထိုအချိန်မှ Luffyသည် Lawကို အချိန်အကြာကြီးကြည့်နေမိကြောင်း သတိထားမိသည်။ သေသပ်စွာ စည်းပေးထားသော ပတ်တီးက သက်သေပင်။ သူ၏လက်ကို  တယုတယကိုင်ထားသော Lawလက်ကို ပြန်ကိုင်ထားလိုက်ပြီး

'' Law ကျွန်တော် ပြောစရာ တစ်ခုရှိတယ်။ ကျွန်တော် ဒါကို စဉ်းစားနေတာ နှစ်ရက်သုံးရက်ရှိပြီ။ အဖြေကတော့ မထွက်ပေမဲ့ ကျွန်တော့်စိတ်ကို ကျွန်တော်သေချာမသိပေမဲ့ ခင်ဗျားကို ကျွန်တော် သဘောကျနေတယ် ထင်တယ် ''

အငြိမ်မနေဘဲ လှုပ်ရှားနေသော Law၏ မျက်လုံးများကို သူသဘောကျမိသည်။ ထိုမျက်လုံးများသည် မေးခွန်းတစ်ခုခုမေးချင်နေသည့် အလားပင်။ သို့သော် ထိုမေးခွန်းမှာ ငါ့ကို သွားခွင့်ပြုပါလား ဆိုသော မေးခွန်းမဟုတ်ဖို့ သူမျှော်လင့်မိသည်။

''အခု ကျွန်တော့်ကို အဖြေပြန်ပေးစရာ မလိုသေးဘူး ကျွန်တော့်ကို ကျွန်တော် မသေချာသေးလို့ သေချာတဲ့နေ့မှ ကျွန်တော်ပြန် ဖွင့်ပြောပါမယ် အဲချိန်မှ ခင်ဗျားဆီက အဖြေကိုကြားချင်တယ် ''

သူပြောပြီးသည်နှင့် Lawကို အကဲခတ်လိုက်သည်။ စကားပြောနေစဉ် သူ၏အသံမှာ ငြိမ်ချင်ငြိမ်နေပါလိမ့်မည် သူ၏ နှလုံးသားမှာတော့ မနားတမ်းခုန်ပေါက်လျက်ရှိသည်။ Lawနှင့် တွေ့ပြီးနောက်တွင် သူ၏ စိတ်နှင့် ခန္ဓာကိုယ်မှာ သူမပိုင်တော့သလို Luffyခံစားမိသည်။ သူ၏စိတ်မှာ Lawအကြောင်းပဲ တွေးနေမိပြီး သူ၏ ခန္ဓာကိုယ်မှာ Lawအတွက်သာ လှုပ်ရှားနေမိသည်ကို သူသတိထားမိသည်။

''ကောင်းပြီ အခု မင်းထိုင်နေ ညနေစာကို ငါပြင်လိုက်မယ်''

Law၏ အမူအရာသည် ပြောင်းလဲသွားခြင်းမရှိသည့်အပြင် Law၏ နှုတ်ခမ်းမှာ ပြုံးရိပ်သန်းနေတယ်လို့ ထင်မိတာကြောင့် Luffyသည် သူ၏ စိုးရိမ်မှုများကို ​မေ့ပစ်လိုက်ကာ ထသွားရန် ပြင်နေသော Law၏ လက်ကို ဆွဲထားလိုက်သည်။

''ကျွန်တော့်အနားမှာပဲ နေရမယ်နော် မနက်ဖြန် မသွားရဘူး ''

''အင်း''

Luffy၏ မျက်လုံးများ အရောင်တောက်လာကာ
''တကယ် မသွားရဘူးနော်''

''ငါသွားလို့မှ မရသေးတာ လူနာ နှစ်ယောက်ကျန်သေးတယ်''

My Destiny of Reviving Where stories live. Discover now