အချိန်သည် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလေသည်။ Luffy၏အသက်မှာ ၅၁ နှစ်တောင်ရှိပြီ ဖြစ်သည်။ နှစ်တွေကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးသည် Law၏အကြောင်းကို ဖုံးကွယ်ထား၍ မရတော့ပေ။ Lawသည် ၂၇နှစ်တွင်ပဲ ရပ်တန့်နေကာ Luffyမှာ အသက်ကြီးလာခဲ့သည်။
Luffyသည် Lawထက်ပင် အရပ်ရှည်နေပြီဖြစ်သည်။ သူ၏မျက်နှာတွင် ငယ်စဉ်ကကဲ့သို့ ချစ်စရာကောင်းမှုများရှိမနေ။ ရုပ်ရည်မှာ အနည်းငယ်လူကြမ်းရုပ်ပေါက်နေလေသည်။ နှုတ်ခမ်းမွေးငုတ်တိုလေးများနှင့် မုတ်ဆိတ်မွေးငုတ်တိုလေးများကြောင့်လည်း ဖြစ်နိုင်သည်။
သူတို့သည် လွန်ခဲ့သောနှစ်များအတွင်း အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ရသည်။ Law၏အကြောင်းကို သူတို့ကိုသိသောလူများကို ပြောပြခဲ့ရသည်။ အချို့လူများက လက်ခံကြပါသော်လည်း လူအများ၏ ထူးဆန်းသော အကြည့်များနှင့် ကြည့်ခြင်းကို ခံခဲ့ရသည်။ ထိုလူအချို့မှာ Luffy၏မိသားစုနှင့် Luffyနှင့်ရင်းနှီးသောသူများပင် ဖြစ်သည်။ လူအများမှာ Lawထံ လာကုလေ့ရှိသော တိရစ္ဆာန်ပိုင်ရှင်များပင် ဖြစ်သည်။ Lawပင်ပန်းနေတာကို မြင်တော့ Luffyသည် ထိုဆေးခန်းအား ပိတ်ခိုင်းခဲ့ပါသော်လည်း Lawက မပိတ်လိုပေ။
သူတို့သည် ရေတွက်၍မရနိုင်အောင် ရန်ဖြစ်ခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက် နားလည်ပေးကြသည်။ နှစ်ယောက်လုံး ပင်ပန်းလွန်း၍ တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်လျှင် Lawဝယ်ထားသော ခြံသို့ သွားကာ မိမိစိတ်ကို အပန်းဖြေပေးပြီး ထိုကိစ္စကို စိတ်ငြိမ်မှ ပြန်ဆွေးနွေးကြသည်။
ပျော်စရာကိစ္စများကလည်း တစ်ပုံတစ်ပင်ကြီး ရှိခဲ့ပါသေးသည်။ Law Luffyကို လက်ထပ်ခွင့်တောင်းခဲ့သောနေ့။ သူတို့ခြံထဲရှိ ကန်အနီးတွင် ကျင်းပခဲ့သော သူတို့နှစ်ဦး၏ လက်ထပ်ပွဲ။ မွေးနေ့ရောက်တိုင်း ပြုလုပ်ခဲ့သော မွေးနေ့ပွဲများ။ အဖွဲ့သားများနှင့် ထွက်ခဲ့သော ခရီးများ။ မိသားစုနှင့်အတူ နေရသော အချိန်များ အစရှိသဖြင့် အလွန်များပေသည်။
Robinသည် Luffyကို အမြဲစနောက်လေ့ရှိသော စကားတစ်ခွန်းရှိသည်။
''မသိတဲ့သူဆို ခေါင်းဆောင်က Lawကို အတင်းအကျပ် ယူထားတယ် ထင်နေတော့မှာပဲ''
YOU ARE READING
My Destiny of Reviving
Short Storyဆန်းကြယ်မှုတွေ ၊ သဘာဝလွန်ဖြစ်ရပ်တွေ နှင့်အတူ ပြန်လည်ရှင်သန်လာသောသူ၏ ကံကြမ္မာမှာ နူးညံ့မှုများရှိနိုင်ပါမည်လား။ သူ့ကိုကော လောကကြီးက လက်ခံပါမည်လော။ အစမ်းသပ်ခံပစ္စည်းတစ်ခုကဲ့သို့ ထူးဆန်းသော အရာတစ်ခုကဲ့သို့ပဲ မြင်ကြမည်လော။ သူ့ကို ပုံမှန်လူတစ်ဦးကဲ့သို့ မ...