လွန်ခဲ့သောနှစ်၂ဝ...
''Law''ဟု ခေါ်၍အသံထွက်လာချိန်တွင် သူ၏အိမ်ရှေ့ကို ရောက်နေပြီဖြစ်သည်။ စက်ရုပ်ပျံများလည်း မရှိတော့သလို ကစားစရာအကြီးကြီးများလည်း မရှိတော့ချေ။ သူ့ခြံဝင်းထဲရှိ သစ်ပင်အချို့နှင့် လမ်းမပေါ်တွင် သွားနေသော ကားအချို့ကိုသာ တွေ့ရသည်။ ဤနေရာတွင် သူ့အား 'mugiwara-ya'ဟု ခေါ်မည့်သူမရှိ၊ သူသည် Monkey D. Luffyပင်ဖြစ်၏။ သူ့ကို Lawပေးလိုက်သောအရာကို ကြည့်မိမှ Lawသည် အမှန်တကယ်ရှိကြောင်း သူခံစားမိသည်။အရာအားလုံးက အိမ်မက်တစ်ခုကဲ့သို့ပင်။အိမ်တံခါးခေါက်လိုက်သည်နှင့်
''Luffy မင်း ပြန်ရောက်လာပြီ'' ဟု အံဩစွာကြည့်နေသော သူ၏မိသားစုဝင်များကို တွေ့လိုက်ရသည်။Now...
ယခုအချိန်တွင် ထိုTime Machineမှာ ကျန်ရှိနေသေးလား ပျောက်ကွယ်သွားပြီလား တစ်ယောက်မျှမသိကြချေ။ သမိုင်းစာအုပ်များထဲတွင်လည်း ထိုအကြောင်း ရေးသားထားသော စာအုပ်မရှိချေ။ သို့သော် Trafalgar D. Water Law ဆိုသော လူအကြောင်းမှာမူ ကျန်ရှိနေသေးပေသည်။ စိတ်ထားကောင်းပြီး သူ၏ခံစားချက်ကို မဖော်ပြတတ်သော ဆရာဝန်တစ်ဦးအဖြစ်။ သာမန်လူများက ထိုလူအကြောင်းကို မသိနိုင်သော်လည်း
Nico Robinတို့ကဲ့သို့သော လူမျိုးများမှာမူ လွန်ခဲ့သောနှစ်၁၀၀၀နှင့်ပတ်သက်သော အရာအားလုံးကို စိတ်ဝင်စားစွာ ရှာဖွေလျက်ရှိကြသည်။''Law ရှင် ဒီနေ့လည်း လိုက်လာတာပဲလား''
Luffyနှင့်အတူ ပါလာသော Lawကို ကြည့်ကာ Robinပြောလိုက်သည်။ သူမနှုတ်ခမ်းပေါ်မှာတော့ အပြုံးတစ်ပွင့် ပန်ဆင်ထားလျက်။ သူမအကြည့်မှာတော့ အတော်ပြောင်းသွားပေသည်။ Lawကို ပစ္စည်းတစ်ခုကဲ့သို့ မကြည့်တော့ပါ။
''Torao...''လို့ခေါ်ပြီး လာဖက်လိုက်သည်က Chopperပင်။ သူတစ်ကိုယ်လုံးသည် Law၏ရင်ခွင်ထဲ မြုပ်ဝင်သွားသည်။ သူ၏အရပ်မှာ Luffyထက်ပင် တိုပါသေး၏။ Torao ဟူသော နာမ်စားကိုလည်း ပြင်မဲ့အစီအစဉ်ရှိပုံမပေါ်ပါ။
''ဒီနေ့လည်း ကျွန်တော် တစ်ယောက်တည်း မပျင်းရတော့ဘူးပဲ ခင်ဗျားဆီက သင်ယူရမဲ့ ဆေးပညာတွေလည်း အများကြီးကျန်သေးတယ်''
YOU ARE READING
My Destiny of Reviving
Short Storyဆန်းကြယ်မှုတွေ ၊ သဘာဝလွန်ဖြစ်ရပ်တွေ နှင့်အတူ ပြန်လည်ရှင်သန်လာသောသူ၏ ကံကြမ္မာမှာ နူးညံ့မှုများရှိနိုင်ပါမည်လား။ သူ့ကိုကော လောကကြီးက လက်ခံပါမည်လော။ အစမ်းသပ်ခံပစ္စည်းတစ်ခုကဲ့သို့ ထူးဆန်းသော အရာတစ်ခုကဲ့သို့ပဲ မြင်ကြမည်လော။ သူ့ကို ပုံမှန်လူတစ်ဦးကဲ့သို့ မ...