{ U }
သွန်းစက်တို့မင်္ဂလာဆောင်ကမနက်ဖြန်မလို့
သွန်းစက်တို့အကုန်လုံးအလုပ်ရှုပ်နေသည်။
အခုဟိုလူနဲ့မင်္ဂလာဝတ်စုံသွားယူနေတာဖြစ်သည်။"ဝတ်စုံကဘာအရောင်လဲ"
"ခဗျားကအဖြူ ၊ ကျူပ်ကအမဲ"
"အင်း"
သွန်းစက်ဘာမှမပြောဖြစ်။ကျောင်း(တကသိုလ်)
မသွားရတာလဲဟိုလူခိုးပြေးလာတဲ့နေ့ထဲက။
ဖေဖေနဲ့မေမေတို့ကတော့ဟိုလူရဲ့မာမီတို့နဲ့တွေ့
ပြီးမင်္ဂလာကိစ္စလဲဆွေးနွေးပြီးပြီတဲ့သွန်းစက်မသိလိုက်။
ဟိုလူကနေ့တိုင်းကျောင်းလိုက်ပို့မယ်လို့ပြောတာပဲ
သူ့လဲအလုပ်သွားရင်းဝင်ပို့မယ်တဲ့။"ရောက်ပြီ…"
"အော်…အင်း"
ဘာတွေတွေးနေလဲမသိမပြောမချင်းမချင်းမဆင်းဘူး။
မာနမပြောရင်သိမှာမဟုတ်။
မာနရဲ့အလုပ်အကြောင်းမပြောပြရသေး
သူကလဲမပြောမချင်းမေးမဲ့ပုံမပေါ်။"လာ…ဝင်မယ်"
"……"
အထဲရောက်တော့ဝတ်စုံတွေကအများကြီး
ခနတော့အမတစ်ယောက်,ရောက်လာပြီး
သွန်းစက်တို့ကိုအခန်းထဲခေါ်သွားတယ်။"အမယ်မာနလေးတောင်အိမ်ထောင်ပြု
တော့မယ်ပေါ့""အင်း"
"ဟုတ်ပါပြီ…ဒီဘက်က
မောင်လေးက…?""အာ…ကျတော့နာမည်ကသွန်းစက်ငယ်ပါ။
သွန်းစက်လို့ခေါ်လို့ရပါတယ်။""ဟုတ်ပါပြီ…
ဒီမှာလေမောင်လေးတို့အတွက်အမ
ကိုယ်တိုင်သီးသန့်ချူပ်ထားတာ"အစုံကအဖြူရောင်လေးတစ်စုံကအမဲလေး
သွန်းစက်ကြည့်ပြီးနူးနူးညံ့ညံ့လေးပြုံးမိသည်။
ဒါကိုဟိုလူကမြင်ပြီးသူပါပြုံးသည်။
အမှန်တိုင်းပြောရရင်ဟိုလူကချောလွန်းသည်။"ပြန်မယ်လေ"
"ဟမ်…အင်းအင်း"
ဟိုအမကတော့ဘယ်အချိန်ထဲကသွားလိုက်လဲမသိ
သွန်းစက်ဟိုလူကိုငေးနေမိတာဘယ်ေလာက်ကြာ
သွားလဲမသိသူပြောမှသတိပြန်ဝင်သည်။
YOU ARE READING
Mÿ Moon🌙
Romance( မာန်မာနခြိန်း+သွန်းစက်ငယ်) ချစ်သောမမpမှ.......💗 Start date ...23.3.2024