{ U }ကားပေါ်တွင်...........
သွန်းစက်တို့အခုခရီးထွက်နေတာဖြစ်သည်။
ဟိုကိုယ်တော်ကြီးကခရီးထွက်မယ်ဆိုတာနဲ့သွန်းစက်တို့
နှစ်ယောက်ထဲခရီးထွက်လာတာဖြစ်သည်။"ခဗျားအိပ်ချင်ရင်အိပ်နေလိုက်"
"ဟင့်အင်း...မုန့်ပဲစားချင်တာ"
မာနကသူ့ဘေးကလူအိပ်ငိုက်နေလို့အိပ်ခိုင်းတဲ့ဟာကိုမုန့်စား
ချင်လို့တဲ့ပြီးရင်သူပဲအိပ်ငိုက်တာ။မာနလည်းမုန့်ပဲဆင်းဝယ်
ပေးလိုက်ရသည်။"ရော့...စားပြီးရင်အိပ်"
"မအိပ်ဘူး"
"အိပ်ရမယ်"
"ဘာလို့လာအိပ်ခိုင်းနေတာလဲ၊မအိပ်ချင်
ဘူးလို့ပြောနေတာကို""ကျစ်..!ခဗျားအိပ်ငိုက်နေလို့လေ"
"အေလေ..အိပ်ပဲငိုက်တာမအိပ်ချင်ဘူးလို့!"
"ကျစ်!!"
မနိုင်တော့တဲ့အဆုံးမာနပဲအလျော့ပေးလိုက်ရသည်။
သွန်းစက်မအိပ်ဘူးလို့ပြောနေတဲ့ဟာကိုလာပြီးလျှာရှည်နေသေး။
ပြီးသူကပဲကျွတ်ကျွတ်ကျစ်ကျစ်နဲ့လုပ်သေး။
တကယ်ရိုက်ပြစ်ချင်စရာကောင်းလိုက်တာ။သွန်းစက်ဟိုလူဝယ်ပေးလာတဲ့မုန့်ထဲကpizzaကိုသာ
စားနေလိုက်သည်။သွန်းစက်စားနေရင်းမျက်လုံးတွေက
မှေးစင်းလာသည်ထို့နောက်အိမ်မက်ကမ္ဘာထဲသို့တဖြည်းဖြည်း
ရောက်ရှိသွားတော့သည်။မာနကားအာရုံစိုက်မောင်းနေတုန်းဘေးကငြိမ်သွားသောကြောင့်
လှည့်ကြည့်လိုက်သည်။အဟက်!..ပြောတော့မအိပ်ဘူးတဲ့
အခုကတော့အိပ်နေတာများငလျင်လှုပ်ရင်တောင်ထမည့်
ပုံမပေါ်။မာနအိပ်ပျော်နေသူရဲ့ပါးအိအိလေးနှစ်ဖက်ကိုဖိကပ်နမ်း
လိုက်သည်ထို့နောက်ရဲရဲလေးဖြစ်နေသည့်နှုတ်ခမ်းလေးကို
ခပ်ဖွဖွလေးနမ်းလိုက်သည်။.............................................
"ဟေး....ထတော့"
"အင်းးးး"
မာနအိပ်နေတဲ့လူကိုစိတ်မရှည်တော့ပေနိုးနေတာကိုအင်းအဲ
လုပ်ပြီးပြန်ပြန်အိပ်သွားသည်။
YOU ARE READING
Mÿ Moon🌙
Romance( မာန်မာနခြိန်း+သွန်းစက်ငယ်) ချစ်သောမမpမှ.......💗 Start date ...23.3.2024