[ ep 7 ]

2.6K 184 19
                                        

{ U }

ဒီနေ့ကသွန်းစက်တို့စာ
‌‌ေမးပွဲနောက်ဆုံးနေ့ဖြစ်သည်။
စာမေးပွဲဖြေပြီးထွက်လာတော့ကျောင်းအဝင်ပေါက်ဘေး
မှာမာန်က,ကားကိုမှီပြီးစီးကရက်အနက်ရောင်လေးကိုသောက်
နေသည်။စီးကရက်သောက်တာမကြိုက်ဘူးလို့ပြောနေတာကို။
မာန့်အနားရောက်တော့………

"ဖြေနိုင်လား"

သွန်းစက်ဘာမပြန်မဖြေပါ။စီးကရက်သောက်လို့မာန့်ကိုသွန်းစက်
စိတ်ဆိုးသည်။

"ဖြေနိုင်လားလို့..ခဗျားကို"

မာနမေးတာကိုပြန်မဖြေသေးတဲ့သူကိုမာနကြည့်လိုက်သည်။
စိတ်ဆိုးနေတယ်ထင်သည်။နှုတ်သေးသေးလေးကိုထော်ထား
ပြီးမာနကိုမျက်စောင်းထိုးနေသည်။
မာနဘာအမှားလုပ်ထားလို့လဲ...

"ကျစ်!ဘာဖြစ်နေတာလည်းခဗျား
ကျူပ်ဘာလုပ်မိလို့လဲ"

"ကိုယ့်ဘာကိုယ်ပြန်ကြည့်"

မာနနားမလည်ပါ၊သူပြောသလိုကိုယ့်ဘာကိုပြန်ကြည့်လိုက်သည်။
အော်..သိပြီ၊မာနစီးကရက်သောက်နေလို့။
မာနစီးကရက်ကိုချနင်းလိုက်သည်။ပြီးမှ....

"ရပြီလား!"

"ဘာလို့ငါ့ကိုအော်နေတာလဲ"

"ကျစ်!ကျူပ်အော်နေလို့လား"

"အော်တယ်လေ!"

"ခဗျားလည်းအခုကျူပ်ကိုအော်နေတာပဲ!"

"မင်းလည်းအော်တယ်လေ!"

"ခဗျားလည်းအော်တာပဲ!"

"မင်းကပိုကျယ်တယ်!"

"ခဗျားကပိုကျယ်နေတာ!"

"မင်းကပိုကျယ်တာလို့"

အရှေ့ကသူကငိုတော့မဲပုံစံရှိတာကြောင့်မာနစိတ်လျော့လိုက်သည်

"ဟုတ်ပြီကျူပ်တောင်းပန်တယ်၊
မအော်တော့ဘူးသွားမယ်ကားပေါ်တက်"

:
:
:
:
:
သွန်းစက်တို့အိမ်ရောက်တော့ဦးမင်းကတံခါးလာဖွင့်ပေးသည်။
အိမ်အထဲရောက်တော့မာန်က.........

"ကျူပ်တို့ခရီးထွက်မယ်"

"ဟမ်?"

အဆုံးမရှိမစမရှိနဲ့ခရီးထွက်မို့တဲ့။

Mÿ Moon🌙Where stories live. Discover now