{ U }
(ကားပေါ်တွင်)
သွန်းစက်ဒီနေ့အရမ်းပင်ပန်းနေသည်။မင်္ဂလာပွဲ
ပြီးကထဲကမနားရသေး။မင်းခန့်နဲ့ပန်းမြတ်တို့ကရုတ်တရပ်ကြီး
မင်္ဂလာဆောင်ရလားဆိုပြီးရစ်နေပြီသွန်းစက်ကိုမရမက
အပြင်ခေါ်သွားပြီးဟိုမှာအရက်တွေသောက်ပြီးမူးနေကျတာ
သူတို့သောက်တာစောင့်ပေးရင်းနဲ့၆နာရီထိုးသွားတာနဲ့အိမ်ပြန်
ဖို့မနည်းပြောရသေးတယ်။
သူတို့နှစ်ယောက်ကိုမာန်ရဲ့ကားနဲ့လိုက်ပို့ပြီးအခုအိမ်ပြန်နေတာ
ဖြစ်သည်။"အရမ်းပင်ပန်းသွားလား"
"အင်းးနည်းနည်းပါ"
"ခနအိပ်လိုက်၊အိမ်ရောက်ရင်ကျူပ်နိုးပေးမယ်"
"အင်း…"
သွန်းစက်လဲသူပြောသလိုအိပ်ဖို့်ဆံုးဖြတ်လိုက်သည်။
သွန်းစက်ကားမှန်ထဲကတစ်ဆင့်အပြင်ကိုငေးရင်း
အိမ်မက်ကမ္ဘာထဲသို့တစ်ဖြည်းဖြည်းရောက်ရှိသွားတော့သည်။မာနဘေးကအိပ်မောကျနေတဲ့လူကိုကြည့်ပြီး………
"ခဗျားကငယ်သေးပေမဲ့.....
ဥပုတ်စောင့်တဲ့ကျားမရှိဘူးဆိုတာသိတယ်မလား"ဘေးကအိပ်နေတဲ့,ကလေးငယ်ကိုကြည့်ပြီးသူ
နှစ်ကိုယ်ကြားရုံလေးပြောလိုက်သည်။………………………………………………….
သွန်းစက်မျက်လုံးဖွင့်လိုက်သည်နှင့်မျက်နှာကျက်အဖြူ
ရောင်လေးကိုမြင်ရသည်။
ဘေးဘီကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေ။
ဒါနဲ့သွန်းစက်လည်းရေချိုးမို့ရေချိုးခန်းထဲဝင်လိုက်သည်။
သွန်းစက်ရေချိုးပြီးထွက်လာတော့အိပ်ယာပေါ်မှာ
မာန်ကဖုန်းကြည့်နေသည်။သွန်းစက်ကိုမျက်လုံးဆွေကြည့်ပြီး"ခဗျားအတွက်အဝတ်တွေဝယ်ပြီးပြီ၊
ခဗျားအိမ်ကအဝတ်တွေယူမနေနဲ့တော့""အင်းး"
သွန်းစက်လဲမယူချင်ပါ။ဘာလို့လဲဆိုတော့ဖေဖေ့ကိုသွန်းစက်
မျက်နှာချင်းမဆိုင်ရဲသေးပါ။"ခဗျားထမင်းမစားရသေးဘူးမလား"
မာန်ပြောမှသွန်းစက်သတိရသည်။နာရီကိုကြည့်တော့၈နာရီထိုးတော့မယ်။
YOU ARE READING
Mÿ Moon🌙
Romance( မာန်မာနခြိန်း+သွန်းစက်ငယ်) ချစ်သောမမpမှ.......💗 Start date ...23.3.2024