Unicode
"သေဆုံးပြီးသွားတဲ့အခါ နတ်ပြည် ၊ လူ့ပြည် ၊ ငရဲပြည် ကို ရောက်ရှိသွားကြရတယ်တဲ့ တချို့ကြ အစွဲတွေနဲ့ မလွတ်ကျွတ်ကြဘူးလေ
"ပြန်ဝင်စားတယ်ဆိုတာကောရှိလားဟင်
"ရှိတာပေါ့ တချို့ဆို သေပြီးရင် ဒီမိသားစုထဲမှာလူအနေနဲ့ ပြန်ဝင်စားတာ တိရိစ္ဆာန်အနေနဲ့ ပြန်ဝင်စားတာတွေရှိတာပေါ့
"သားကတော့သေပြီးပျောက်ကွယ်သွားမှာကြောက်တယ်
ဆရာမက ထိုကျောင်းသားကိုခေါင်းပွတ်ပေးကာ
"မဖြစ်သေးတဲ့အရာကိုတွေးပူနေပြန်ပြီဒီကလေးတော့
"သားသေရမှာမကြောက်ပါဘူး ဘာမှမရှိတော့တဲ့အထီးကျန်မဲ့ဘဝတော့ကျွန်တော်ကြောက်တယ်
"အို မေမေ့သားလေးရယ်
မိခင်ဖြစ်သူကာထိုကလေးလေးကိုဖက်ကာ ပြုံးနေလေတယ်
သို့သော် ကံကြမ္မာဆိုတာ တနေ့ခွဲကြရမှာပဲလေ~~~
အမေဖြစ်သူဟာ လမ်းသွားနေတုန်း လုယက်ခံရတာခုခံရင်း မတော်တဆ ဓားထိုးခံရပြီးသေသွားခဲ့ရတယ် အဖေဖြစ်သူက မွေးကထဲက accident တခုနဲ့သေဆုံးခဲ့ရတာမို့လို့ အခုတော့သူမလိုချင်တဲ့ အထီးကျန်တဲ့ဘဝ ရရှိခဲ့တော့လေတယ်
.
.
.
အသက် ၃၄နှစ်ပြည့်အဒေါ့်ကျေးဇူးနဲ့ကျောင်းတက် ဘွဲ့ရပြီး အလုပ်ကောင်းကောင်းတခုဝင်နိုင်ခဲ့ပြီ
အဒေါ်ကအပျိုကြီးဆိုတော့ သူ့ညီမရဲ့သားလေးကိုသူ့သားအနေနဲ့စောင့်ရှောက်ရတာကိုပျော်နေတာပေါ့
"သားအလုပ်သွားဖို့ထမင်းချိုင့်
"အာ မွှေးနေတာပဲ တီတီရယ်အပင်ပန်းမခံပါနဲ့တို ကျွန်တော် ၃၄ရှိပါပြီဗျာ
"ဘယ်ဟုတ်မလည်း ငါ့မှာတွယ်တာစရာတူလေးဆိုလို့ မင်းပဲရှိတာလေ ကောင်စုတ်လေးရဲ့
"တီလေးဘာစားချင်လဲ ကျွန်တော်အပြန်ဝယ်ခဲ့ပေးမယ်
"နေပါစေဟယ် ဒီနေ့သူငယ်ချင်းတွေနဲ့ကောင်းကောင်းပျော်ခဲ့ဟုတ်ပြီလား အသက်သာကြီးလာတာ ကလေးစိတ်နဲ့ပဲ Moe Htetတို့ကတော့
YOU ARE READING
Reincarnate as King but something is not right
Fantasyအချစ်ရှာဖွေရင်း အထီးကျန်ခြင်းမကြိုက်တဲ့ ကောင်လေးဟာ သေဆုံးပြီးနောက် ~~~ မျက်စိအောက်ကအပျောက်မခံလောင်အောင်ချစ်တဲ့သူစီမှာ System ကျေးဇူးနဲ့ ပြန်ဝင်စားမိသောအခါ ~~~~ 💞Own Creations လေးပါနော် 💞