11. ထီးနန်းကိုဘယ်သူ့ပေးရမလဲ

40 1 0
                                    

Unicode

Damien တို့ ကုန်းပေါ်က ရေတိုင်းပြည်ကို ရောက်နေတယ်ဆိုတဲ့သတင်းကြောင့် ရေတိုင်းပြည်ကဘုရင်ကြီးက သူ့လူယုံစစ်သည်တွေကို ကြိုဆိုဖို့လွှတ်လိုက်တယ်

ရေစပ်နားရောက်တော့ ရေထဲဘယ်လိုဆင်းရမလဲစဉ်းစားနေတုန်း ဘူးတစ်ဘူးဖွင့်ကာ

"ဒါရေမှော်ပင်ပါ ဒီဟာစားထားရင် ရေထဲမှာအသက်ရှူလို့ရပါလိမ့်မယ်

Damien"ကိုယ်အရင်စားလိုက်မယ်နော်

Cedric" အင်း

Damien စားပြီးဘာမှမဖြစ်တော့မှ Cedric ကိုကျွေးလိုက်တယ် ကျန်တဲ့သူတွေလည်းသူတို့ဝေစုသူတို့စားသောက်ပြီးနောက် ရေအောက်ထဲကို ဆင်းလာကြတယ်

ရဲမက်တွေရဲ့အကူအညီ ကြောင့် လမ်းမပျောက်ပဲ ရေအောက်နန်းတော်ကို ထိုးဆင်းသွားကြတော့တယ်

ရေအောင်နန်းတော်ဟာ တော်တော်အနက်ကြီးမှာ တည်ရှိတာကြောင့် အမှောင်ရေထုကိုဖြတ်သန်းရပြီး နောက်ဆုံးမှာတော့ အရောင်တောက်ပနေတဲ့ ကျောင်းတန်းတွေ အလင်းရောင်တချို့ကိုမြင်လိုက်ရတယ်

"ဒါက ရေအောက်နန်းတော်မြို့တော်ပါ အခုနန်းတော်ထဲကိုတန်းသွားကြမလား Wing ဘုရင်ကြီး

Cedric"အင်း နန်းတော်ပဲသွားကြတာပေါ့

ရေအောက်ထဲမှာ သူ့အတောင်တွေဟာ လေးနေတာကြောင့် နေလို့မကောင်းပေ သို့သော် အတောင်ပံလူမျိုးတွေရဲ့ ပြယုတ်ဖြစ်တာကြောင့် သူမသိမ်းချင်

Damien " အဆင်ပြေရဲ့လား

Cedric" နားလိုက်ရင်သပ်သာမှာပါ

Damien" မြန်မြန်နှုတ်ဆက်ပြီး နားကြတာပေါ့

.
.
.
ရေသူဘုရင်ရဲ့နန်းတော်ရောက်တာနဲ့ ငါးမန်းလူသားတွေဟာ လက်နက်ကိုင်ဆောင်ပြီးစောင့်ကြပ်နေကြတယ်

ရှေ့က လမ်းပြလေးက စပ်စုနေတဲ့ အတောင်တိုင်းပြည်ကလူတွေကို ရေနန်းတေယ်အကြောင်းရှင်းပြဖို့လည်းမမေ့

"ရေလူမျိုးတွေမှာ ဉာဏ်ပညာမြင့်တာက ရေသူတွေဆိုရင် ငါးမန်းလူသားတွေက ခွန်အားအကြီးဆုံးပဲ ရေနဂါးမျိုးနွယ်ကတော့ ဒဏ္ဌာန်ရီတွေမှာပဲရှိတယ် အပြင်မှာတော့ သူတို့ကို မမြင်ဖူးသေးဘူး မွေးဖွားနှုန်းနည်းတာကြောင့်လည်းနေမှာ

Reincarnate as King but something is not right Where stories live. Discover now