9.ရေအောက်နန်းတော်သို့

60 3 1
                                    

Unicode

နန်းတော်အပေါက်ဝမှာနှုတ်ဆက်စကားပြောတေသူတွေကို နှုတ်ဆက်ကာ လှည်းနဲ့ ရေအောက်တိုင်းပြည်ကိုထွက်လာခဲ့တော့တယ်

Timeo ပေးတဲ့ အချက်အလက်တွေကြည့်ရင်း ရှေ့မှာထိုင်နေတဲ့ Damien ကိုကြည့်ကာ

"ထွေထွေထူးထူးပြသာနာမတွေ့ရပေမယ့် ဒီအတိုင်းအလည်လာဖို့ဆိုတာကြီးကဖြစ်နိုင်ပါ့မလား

"ကိုယ်စုံစမ်းထားသလောက်ဆို ရေတိုင်းပြည်က တခြားတိုင်းပြည်တွေထက်ပိုငြိမ်းချမ်းတယ် သူတို့ကိုကျူးကျော်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး

"နေဦး သူတို့မှာ နန်းလျှာထားတဲ့ မင်းသားဘယ်နှစ်ပါးလဲ အခုကဘုရင်ကိုယ်တိုင်ဖိတ်တာလား

"အင်း ဘုရင်ကိုယ်တိုင်ဖိတ်တာ နန်းလျှာထားတာတော့ ၄ယောက်ရှိတယ် ဘာလည်း သူတို့နန်းတင်တာနဲ့ ပက်သက်လောက်မယ်ထင်လို့လား

"အင်း အတောင်ပံတိုင်းပြည်က တခြားတိုင်းပြည်တွေထက်အင်အားကြီးတော့ ကိုယ်တော့အထင် ကိုယ်တော်တို့ ထောက်ခံသူကိုသူတို့ရွေးမယ်လို့ထင်တယ်

"အို ကိုယ့်ရဲ့ Darling လေးကအရမ်းတော်တာပဲ

*"Host ဘယ်လိုသိတာလဲ ကျွန်တော်လည်းမပြောမိပါဘူး

*"ဖတ်ဖူးတာတွေကြောင့် စဉ်းစားမိလိုက်ယုံလေး

*"အော် အထင်ကြီးမိတာ ကျွန်တော့အမှား

*"ဖတ်ဖူးအောင်ကြတော့လည်း စာဖတ်တာဝါသနာပါမှ ဒါလည်းအထင်ကြီးလို့ရပါတယ်

သူဒီ Host နဲ့ အပြိုင်မပြောတော့ပါ ဒီHostက တနေ့တခြား မျက်နှာပြောင်တိုက်လွန်းတယ်

"ဟူး ဘာမှမဖြစ်ဖို့မျှော်လင့်တယ်

"အာ တစ်ခုရှိတယ်

"ဘာလဲ

"နန်းလျာမင်းသားထဲမှာ ထူးဆန်းတဲ့မင်းသားတစ်ပါးရှိတယ်

"ဘယ်လိုမျိုးလဲ

"စုံစမ်းသူပြောတာတော့ သူက ထီးနန်းစိတ်မဝင်စားဘူး အပျော်အပါးအရမ်းမက်တာတဲ့ ဘုရင်ကြီးက သူ့ကိုသဘောကျတာတဲ့ တချို့တွေကမထောက်ခံပေးပေမဲ့ နန်းလျာထဲပါနေပုံပဲ

Reincarnate as King but something is not right Where stories live. Discover now