10.ပုံပြင်မဟုတ်သောဖြစ်ရပ်မှန်

50 3 0
                                    

Unicode

တခါတုန်းက ရေနန်းတော်ကဘုရင်ကြီးတစ်ပါးမှာ ချစ်ရသောသား 4ပါးရှိခဲ့တယ်။

သားတော်တွေက ရုပ်ရည်လည်းချောမောကြသလို အရာရာမှာလည်းတော်လွန်းကြတာကြောင့် ဘုရင်ကြီးအတွက်စိတ်ချမ်းသာစရာပေ။

ဒါပေမယ့် တစ်နေ့ အကောင်ပေါက်အရွယ်မှလူကြီးအရွယ်ရောက်ချိန်မှာတော့ သူတို့ဟာ လွတ်လပ်စွာ လေ့လာလိုကြပြီ

"ခမည်းတော်သားတော်တို့ ကုန်ပေါ်တက်ခွင့်ပြုပါ

"ကောင်းပြီ သားတော်တို့လည်း ကောင်းကောင်းပျော်ကြပါ တစ်နှစ်တစ်ကြိမ်တော့ ရေနန်းတော်ပြန်လာခဲ့ကြ

"ဟုတ်!!

မင်းသား၄ယောက်ဟာ အတိုင်းတိုင်းအပြည်ပြည်ကိုသွားကြရင်း မင်းသား၂ဟာ ကုန်းပေါ်ကိုအုပ်ချုပ်တဲ့ မင်းသမီးတစ်ပါးနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်

အချင်းချင်းကူညီရိုင်းပင်းကြရာကနေ တစ်ဦးကိုတစ်ဦး တော်ဝန်မိသားစုမှန်းမသိကြပဲ ချစ်ကြိုက်ခဲ့မိကြတယ်

"ခမည်းတော် သားတော်ချစ်နှစ်သက်သူရှိပါပြီ

"ဟေ ဘယ်ရေမျိုးနွယ်လဲ ခမည်းတော်လိုက်တောင်းရမ်းပေးမယ်

"ရေမျိုးနွယ်မဟုတ်ပါဘူး မင်းသမီးတစ်ပါးပါ

"ဘာ!! လက်မခံဘူး ကုန်းလူမျိုးတွေနဲ့ပက်သက်ဖို့ဆိုတာ မရဘူးနော်

"ခမည်းတော်!! သားတော်တို့ချစ်နှစ်သက်နေတာ ၄နှစ်ရှိပါပြီ ကျွန်တော်သူ့ပဲလက်ထပ်လိုပါတယ်

"လုံးဝပဲ!! အစောင့်တွေ မင်းသားကိုစောင့်ကြည့်တာ ကုန်းပေါ်လုံးဝမတက်စေနဲ့!!

ဘုရင်ကြီးဟာ သူ့ချစ်လှစွာသောသားကို အစောင့်တွေလက်ကြားထဲမှာထားကာ ထွက်သွားတော့တယ်

နောက်သိလိုက်ရတာက ရေဘုရင်ကြီးက သူ့အစွမ်းတွေနဲ့ မြစ်ရေတွေ ရေလျှံအောင်လုပ်ပြီး ထိုမင်းသမီးတို့တိုင်းပြည်ကိုရေလွှမ်းအောင်လုပ်ခဲ့တယ်ဆိုတာပဲ

တိုင်းပြည်ဘေးဒုက္ခကနေ ကာကွယ်နိုင်အောင် တိုင်းပြည်ရဲ့ မင်းသမီးက ဘေးဒုက္ခသယ်ဆောင်လာတာဖြစ်လို့ တိုင်းတပါးကမင်းသားနဲ့ လက်ဆက်ပေးပြီး ကယ်တင်ရမယ်ဆိုတဲ့ သတင်းဟာလည်း ပြန့်နန့်နေခဲ့တယ်

Reincarnate as King but something is not right Where stories live. Discover now