{ ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ..။ အငြင်းပွားခြင်း အမုန်းပွားခြင်းများ မပြုလုပ်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါ သည်။}
**++**++**++ **++**++**
^ သမ္မတ ဂို ...... သည် ငွေမည်းခဝါချမှုနှင့် ကူးစက်ရောဂါထိန်းချုပ်ရေး ဥပဒေ ကို ကျူးလွန်ခဲ့သည် စွပ်စွဲချက်များထွက်ပေါ်လာ ^
သတင်းများထွက်ပေါ်လာပြီးသည့်နောက် အိမ်ပြာတော်နှင့်အတွင်းဝင်ရုံးတို့မှ တာဝန်ရှိလူများသည် သူတို့၏ခေါင်းကို ဆယ်ပေါင်တူဖြင့်အထုခံသည် ကမှ သက်သာလိမ့်မည်ဟု ထင်ကြေးပေးကာ ခေါင်းတွေပေါက်ထွက်မတတ် ခေါင်းချင်းဆိုင်ပြီး အဖြေတစ်ခုထုတ်နေကြရပြီ..။
အခုခေတ်တွင် စတုတ္တမဏ္ဍိုင် ဖြစ်သည့် မီဒီယာ သည်စက္ကန့်နဲ့အမျှ သတင်းတွေကိုပျံ့နှံ့စေသည့်အတွက် မကြာခင်စတင်တော့မည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ထိုသတင်းက ကြီးမားသည့် ကိုင်လှုပ်မှုကြီး ဖြစ်လာသည်..။
" အခုခေတ်မှာ လူကြီးတွေထက် လူငယ်တွေဟာ သတင်းတွေပျံ့အောင် လုပ်နိုင်တာမို့ လူငယ်တွေကြားရိုက်ခတ်နိုင်မယ့် သတင်းတစ်ပုဒ် ရှိဖို့လိုပါတယ်.. အဲ့ဒါဆို အခုသတင်းတွေက ဖုံးလွှမ်းသွားမှာပါ.."
အစိုးရဘက်က ပြာယာခတ်သည်ဆိုသည်မှာ သမ္မတကြီး၏ ပါတီတွင်းမှ လူများ၊ ကျောထောက်နောက်ခံ စီးပွားရေးသမား ခရိုနီများ ပြာယာခတ်ကိုတော့ မမီနိုင်..။ ထို့အတွက် ပါတီအကြံပေးက ထိုသို့ အကြံပြုလာသည်..။
" ဒါက အရမ်းကို ရိုးလွန်းတယ်.. အနုပညာရှင်တွေရဲ့ dating scandal က နောက်ပိုင်း အရမ်းသိသာလွန်းတယ်.."
ပါတီ ဥက္ကဌ က မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီးနာကျင်နေသည့်မျက်ရိုးတို့ကို လက်မဖြင့် ဖိနှိပ်ရင်းပြောလာသည်..။
" ဟို.. ကျွန်တော် တစ်ခုလောက် အကြံပေးလို့ရမလား.."
ပါတီ အစည်းအဝေးခန်းရဲ့ ထောင့်ဆုံးကျကျ မှာထိုင်နေသည့် လူငယ်တစ်ယောက်က လက်ကလေးမြှောက်ကာ ခွင့်တောင်းလာသည်..။
YOU ARE READING
White Lies
Fanfictionမုသားနဲ့မာယာတွေ ပြည့်နှက်နေတဲ့လောကကြီးမှာ အသက်ရှင်နေတဲ့ ငါတို့ကြားမှာလည်း.............။ White Lies between Us! ( start date - April 1 , 2024 - End date - July 22 , 2024 ) * ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ စာရေးသူ၏ စိတ်ကူးစိတ်သန်းမျ...