Final Lies

341 63 53
                                    


{ ထပ်ခါတလဲလဲ သတိပေးခြင်းပါ...။ ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ..။ အငြင်းပွားခြင်း အမုန်းပွားခြင်းများ မပြုလုပ်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါ သည်။}

*++*++*++*++*++*++*

Before Our Break Up ( BOBU ) Episode 34 ( Final part ) မထုတ်လွှင့်ခင် ၂ ရက်အလိုတွင် ဖြစ်သည်..။

မက်သရူး ရဲ့ မွေးရပ်မြေဖြစ်သည့် ကနေဒါ သို့ မက်သရူး ရော ရစ်ကီပါ ရောက်နေသည်..။ အကြောင်းကတော့ ဆော့မက်သရူးက ချစ်သူ အား ဆွေပြမျိုးပြ ခေါ်သွားခြင်းလည်း ဟုတ်သလို ရစ်ကီ နဲ့ မက်သရူး ရဲ့ ချစ်သူသက်တမ်း ရက် ၁၀၀ ပြည့်အထိမ်းအမှတ် အတွက်ဆိုလည်းမမှားပေ..။

ရစ်ကီ့ အမေကတော့ မက်သရူး နဲ့တွဲနေတာကို ကြည်ဖြူစွာလက်ခံထားပေမယ့် ရစ်ကီ့ အဖေ ကတော့ နည်းနည်းတင်းမာနေဆဲ...။ အဲ့ဒီလိုအခြေအနေမှာ မက်သရူး မိသားစုက ရစ်ကီ့ ကို သားအရင်းလို ချစ်ခင်ပြီး ကြည်ကြည်ဖြူဖြူ လက်ခံသည့်အတွက် ရစ်ကီ တော်တော်လေး ကျေးဇူးတင်မိသည်..။

" နေဦး... အထဲရောက်ရင် ရှော့ ရစရာတွေရှိတယ်.."

ဆော့မက်သရူးက ရစ်ကီ့ ကို သူ့အခန်းထဲ ပေးမဝင်ခင် အခန်းတံခါးရှေ့ ပိတ်ရပ်ကာ ဈေးကိုင်နေသည်..။

" ဘာပဲမြင်မြင် လန့်မသွားဘဲ ငါ့ ကို ဆက်ချစ်ပါ့မယ်လို့ ကတိပေး ပြီးမှာ ပေးဝင်မယ်.."

" ဟော်... အထဲမှာ ဝတ်လစ်စလစ် ပုံတွေ ရှိလို့လား... "

" အာ့ ထက်ဆိုးတယ်... ဘာပဲဖြစ်ဖြစ် ကတိအရင်ပေး.."

" အင်း အင်း.. ကိုယ် ကတိပေးတယ်... ဆော့မက်သရူး ကလွဲပြီး ဘယ်သူ့မှ မချစ်ဘူး.."

ရစ်ကီ့ ကတိပေးမှုကြောင့် မက်သရူး သက်ပြင်းတစ်ချက်ချကာ အခန်းတံခါးကိုလှည့်ဖွင့်လိုက်သည်...။ အခန်းထဲကပုံတွေ မြင်ရင် ရစ်ကီ က သူ့ကို hard core fan လို့မမြင်ဘဲ stalker အကြီးစားလို့ မြင်သွားပြီး ရွံ့ရှာတာတွေ ဖြစ်လာရင် ဘယ်လိုလုပ်ဆိုတဲ့ ရတက်မအေးမှုက တရိပ်ရိပ်တက်လာသည်..။

White LiesWhere stories live. Discover now