{ ထပ်ခါတလဲလဲ သတိပေးခြင်းပါ...။ ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ..။ အငြင်းပွားခြင်း အမုန်းပွားခြင်းများ မပြုလုပ်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါ သည်။}
*++*++*++*++*++*++*
* တီး တောင်
ပထမ ဘဲလ် သံကြားတော့ စောင်ပုံတွေကြားက ကောင်လေးတစ်ယောက်က လူးလိမ့်လာသည်...။
* တီး တောင်
ဒုတိယ ဘဲလ် တီးသံထွက်လာတော့ ကောင်လေးက အိပ်ချင်မူးတူးဖြင့် စောင်ပုံတွေကြားထဲက ခေါင်းထောင်လာသည်...။
Host 1 ; Wow... အားကျလိုက်တာ....တကယ့်ကို ငယ်ရွယ်ခြင်းရဲ့နုပျိုမှုက သဘာဝတရားရဲ့အလှစစ်ပဲ...
နိုးထလာသည့် ကောင်လေး ၏ မျက်နှာကိုသေချာမမြင်ရသေးသည့်တိုင် ထိုကောင်လေး ပါဝင်ထားသည့် best of my day အစီအစဉ် part 2 ဖြစ်တာကြောင့် host တစ်ယောက်ဆီက အားကျသံထွက်ပေါ်လာသည်..။
Host 2 ; ယူဂျင်းနား... နုပျိုမှုလေး နည်းနည်းချေးငှားပါဦး...
ဟုတ်ပါသည်..။ ဒါက Say Yes! အဖွဲ့ဝင် ဟန်ယူဂျင်း ရဲ့ best of my day အစီအစဉ် part 2 ဖြစ်ပြီး ဒီတစ်ပါတ် သူ့ဆီ special guest တွေ လာလည်မည့်နေ့ဖြစ်သည်..။
* တီး တောင်
တတိယ ဘဲလ် တီးသံထွက်လာတော့ ကောင်လေးက ပျင်းရိလေးတွဲစွာ အိပ်ရာကနေ ထကာ သမ်းဝေရင်း အခန်းကနေ ထွက်ကာ အိမ်ရှေ့တံခါးပေါက်သို့လျှောက်သွားလိုက်တော့သည်...။
တံခါး ဖွင့်သံထွက်လာချိန်မှာတော့ အလွန်အမင်း တက်ကြွကာ လန်းဆန်းသော အသံဝဲဝဲ နဲ့ ခပ်ချွဲချွဲ အသံတစ်ခုက ပျံ့လွှင့်လာသည်..။
" ငါတို့ အယ်ဂီ အိပ်နေတုန်းလား..?"
Host 3 ; ဘယ်သူလဲ...? မက်သရူး ???
Host 2 ; အိုမို.. တကယ်ပဲ မက်သရူး များလား?
ယူဂျင်းက ရယ်ပြရင်း ခေါင်းညိတ်ပြလိုက်သည်..။
ESTÁS LEYENDO
White Lies
Fanficမုသားနဲ့မာယာတွေ ပြည့်နှက်နေတဲ့လောကကြီးမှာ အသက်ရှင်နေတဲ့ ငါတို့ကြားမှာလည်း.............။ White Lies between Us! ( start date - April 1 , 2024 - End date - July 22 , 2024 ) * ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ စာရေးသူ၏ စိတ်ကူးစိတ်သန်းမျ...