Ninth Lies

314 65 13
                                    


{ ထပ်ခါတလဲလဲ သတိပေးခြင်းပါ...။ ယခု fic ထဲက စကားလုံးတိုင်းသည် ဇာတ်လမ်းဇာတ်ကွက်အရ သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ..။ အငြင်းပွားခြင်း အမုန်းပွားခြင်းများ မပြုလုပ်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါ သည်။}

*++*++*++*++*++*++*

Before Our Break Up ( BOBU ) Episode 34 ( Part -2)

တက္ကသိုလ် စတက်ကတည်း ယခု အလုပ်ခွင်ထဲအထိတွဲလာသည့် ၄ နှစ်ကျော် ချစ်သူ သက်တမ်းရှိသည်... ဆောယောင်း နဲ့ အိုယွန်းဟာ တို့အတွဲ ဖြစ်သည်...။

Q ; ဘာလို့ လမ်းခွဲဖို့ ဆုံးဖြတ်ကြတာလဲ..?

ဆောယောင်း ; " အကြောင်းအရင်းတွေ ကတော့ အများကြီးပေါ့... အဓိကကတော့ တစ်ယောက်ကို တစ်ယောက် ဆက်ချစ် သွားဖို့ သတ္တိ မရှိကြတော့တာလည်း ဖြစ်နိုင်ပါတယ်... အစကတည်း နှစ်ယောက်လုံးက အတွေးများတဲ့ သူတွေဆိုတော့.."

အိုယွန်းဟာ ; "အလုပ်မှာ စိတ်ဖိစီးရတာနဲ့ .... ချစ်သူ နဲ့ တွေ့တဲ့အချိန်မှာ နားလည်မှု မပေးနိုင်ရင် သာယာကြည်နူးမှုတွေက ပျောက်ရှလာတာပဲ.. ငါ ကချည်း နားလည်‌ပေးနေရတယ်... ငါကချည်း အလျော့ပေးနေရတယ်... ဒီလိုမျိုး ကပ်တွက်မှုတွေက သူရော ကိုယ့်မှာပါ ဖြစ်လာတဲ့အခါ လမ်းခွဲဖို့ ဖြစ်လာတယ်..... "

H 1- ဂျွန်ဟို ; ဒါက တွဲပြီးကြာလာရင် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပြဿနာ တစ်ခုပါပဲ...

H 3 - ဆယ်ဂျွန်း ; မင်ဟန်ရှီး..က ရော ဘယ်လိုမြင်လဲ...

အီမင်ဟန် ; ကျွန်တော် နဲ့ ဟာနာက အနုပညာလောကထဲဝင်ပြီး သိပ်မကြာခင်မှာပဲ official တွဲဖြစ်တော့.... ရင်ဆိုင်ရဲ့ ပြဿနာတွေက များပြီး အဘက်ဘက်က ဖိအား များခဲ့တာပေါ့.. ကတောက်ကဆ နဲ့ရန်ဖြစ်တာလည်း အကြိမ်ပေါင်းမရေမတွက်အောင်ပဲ.. ဒါပေမဲ့ သူ့ လက်ကို လွှတ်လိုက်မယ်ဆိုတဲ့အတွေးတော့ မတွေးခဲ့ဖူးပါဘူး.. ဒီက ကိုယ့်အတွက် အဖိုးတန်လူသား မို့...

White LiesWhere stories live. Discover now